Connect with us

International Organizations

အမေရိကန်က ပြည်ပသို့ အကူအညီပေးမှုအား များစွာလျှော့ချခြင်းသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း ဂူတာရက်စ်ဆို

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကုလသမဂ္ဂ)

ကုလသမဂ္ဂ၊ မတ် ၁ ရက် (ဆင်ဟွာ)
အမေရိကန်က ပြည်ပသို့ အကူအညီပေးမှုအား များစွာလျှော့ချခြင်းသည် ကမ္ဘာ့အထိခိုက်လွယ်ဆုံးအုပ်စုအပေါ် ဆိုးရွားသည့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်စေပြီး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဆုံးဖြတ်ချက်အား ပယ်ဖျက်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဂူတာရက်စ်က ထိုနေ့တွင် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အချို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း အမေရိကန်က ငွေအရင်းအနှီး များစွာလျှော့ချမည့် အသိပေးချက်ကို လက်ခံရရှိခဲ့ရာ ယင်းအပေါ် ၎င်းက များစွာစိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ အဆိုပါလုပ်ရပ်သည် လူသားချင်းစာနာမှု အကူအညီ၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းချမှု တိုက်ဖျက်ရေး စသည်တို့အပါအဝင် အဓိကစီမံကိန်းများစွာအပေါ် သက်ရောက်မှုရှိကာ ကမ္ဘာ့အထိခိုက်လွယ်ဆုံးအုပ်စုအပေါ် ဖျက်ဆီးနိုင်သော နောက်ဆက်တွဲဆိုးကျိုး ဖြစ်စေနိုင်ကြောင်း၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ယူကရိန်း၊ တောင်ဆူဒန် စသည့်နိုင်ငံများ၏ လူသားချင်းစာနာမှု အကူအညီလှုပ်ရှားမှုများအပေါ် အတိုင်းအတာမတူသော ထိုးနှက်မှုများ ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်မှ ပြည်ပသို့ အကူအညီပေးမှုများ လျှော့ချခြင်းကြောင့် ကမ္ဘာ့ ကျန်းမာရေး၊ လုံခြုံရေး၊ စည်ပင်ဝပြောမှုကို ထိခိုက်စေနိုင်ကြောင်း၊ အမေရိကန်က ကမ္ဘာ့ လူသားချင်းစာနာမှုလုပ်ငန်းတွင် ပါဝင်သည့် အခန်းကဏ္ဍနှင့် အကျိုးသက်ရောက်မှုကို လျှော့ချခြင်းသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် သေချာစဉ်းစား၍ သက်ဆိုင်ရာဆုံးဖြတ်ချက်အား ပယ်ဖျက်ရန်မျှော်လင့်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
古特雷斯:美国大幅削减对外援助有违美国全球利益
新华社联合国2月28日电(记者施春)联合国秘书长古特雷斯2月28日表示,美国大幅削减对外援助将对世界最弱势群体造成严重后果,且有违美国的全球利益,希望美方撤销相关决定。
古特雷斯当天在纽约联合国总部举行的记者会上表示,联合国机构和部分非政府组织过去两天收到美国将大幅削减资金的通知,这令他深感担忧。美国此举将影响到一系列关键项目,包括人道主义援助、减灾、发展、打击恐怖主义和贩毒等,并对世界最弱势群体造成破坏性后果。阿富汗、叙利亚、乌克兰、南苏丹等国家的人道主义援助行动都将受到不同程度的冲击。
古特雷斯表示,美国削减对外援助将使世界的健康、安全、繁荣受到损害,美国减少在全球人道主义事业中发挥作用和影响有违美国在全球的利益。他希望美方慎重考虑,并撤销相关决定。(完)
图说:2月28日,在位于纽约的联合国总部,联合国秘书长古特雷斯出席记者会。新华社发(联合国供图/曼努埃尔·伊莱亚斯摄)