Politics, Law & Military
တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ဘရာဇီးနိုင်ငံသို့ ခရီးစဉ်သွားရောက်

ရီယိုဒီဂျနေးရိုး၊ မတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယ အကြီးအကဲ မာဟွေးက တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ဘရာဇီးနိုင်ငံသို့ မတ် ၁၁ ရက်မှ ၁၃ ရက်အထိ ခရီးစဉ် သွားရောက်ခဲ့ရာ ဘရာဇီး ဆီးနိတ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Humberto Costa ၊ အာဏာရပါတီနှင့် အတိုက်အခံပါတီ ခေါင်းဆောင်များကို အသီးသီး တွေ့ဆုံခဲ့ပြီး တတ်သိပညာရှင်၊ မီဒီယာ ကိုယ်စားလှယ်များနှင့် ဆွေးနွေးဖလှယ်ခဲ့သည်။နှစ်ဖက်စလုံးက တရုတ်-ဘရာဇီး ဆက်ဆံရေးနှင့် ပါတီချင်း ဆက်ဆံရေးအပေါ် အပြုသဘော သုံးသပ်ပြောကြားခဲ့ပြီး သမိုင်း၏ စမှတ်သစ်တွင် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို အတူတကွလက်တွဲဖော်ဆောင် သွားလိုကြောင်း၊ တရုတ်-ဘရာဇီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းမှု၊ လက်တွေ့ကျမှု ရှိစေရန် ဆက်လက်တွန်းအားပေးကာ ပို၍ တရားမျှတသော ကမ္ဘာကြီးနှင့် ပို၍ ရေရှည်တည်တံ့သော ကမ္ဘာဂြိုဟ်၏ တရုတ်-ဘရာဇီး အေးအတူပူအမျှ အသိုက်အဝန်းကို အတူလက်တွဲ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
#CPC #China #Brazil #တရုတ် #တရုတ်ကွန်မြူနစ်ပါတီ #ဘရာဇီး
————————————-
(Chinese Version)
中共代表团访问巴西
新华社里约热内卢3月13日电(记者王天聪)3月11日至13日,中联部副部长马辉率中共代表团访问巴西,分别会见副参议长科斯塔和朝野政党领导人,同智库媒体代表座谈交流。双方积极评价中巴关系和党际交往,表示站在新的历史起点,愿携手努力,共同落实好两国元首重要共识,持续推动中巴各领域合作走深走实,携手构建更公正世界和更可持续星球的中巴命运共同体。(完)