Economy
ခရီးသည် ခရီးစဉ်အကြိမ်ရေ ၇၃၈ သန်းအထိရှိ၊ ဇန်နဝါရီ မှ ဖေဖော်ဝါရီလ အထိ တရုတ်နိုင်ငံတစ်ဝန်း ရထားခရီးသည် သွားလားမှု သမိုင်း စံချိန်သစ်တင်

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ယခုနှစ် ပထမနှစ်လတွင် တရုတ်နိုင်ငံတစ်ဝန်း ပို့ဆောင်ခဲ့သော ခရီးသည် ခရီးစဉ်အကြိမ်ရေမှာ ၇၃၈ သန်းရှိပြီး ယမန်နှစ် ကာလတူထက် ၆.၄ ရာခိုင်နှုန်းတိုးမြင့်လာကာ ပို့ဆောင်ခဲ့သောခရီးသည်ပမာဏသည် သမိုင်းတစ်လျှောက် ကာလတူထက် စံချိန်သစ်တင်ခဲ့သည်။ယင်းသည် မတ် ၁၄ ရက်က အမျိုးသား မီးရထားဌာထံနမှ သတင်းထောက်က သိရှိခဲ့ရခြင်း ဖြစ်သည်။နွေဦးပွဲတော် ခရီးသွားလာမှုကာလအတွင်း ကျောင်းသူ/ ကျောင်းသာများ၊ လုပ်သားများ၊ ဆွေမျိုးမိတ်ဆွေထံ အလည်သွားခြင်း၊ ခရီးသွားလည်ပတ်သူများ၏ သွားလာမှုသည် ရောယှက်ရှုပ်ထွေးနေကာ မီးရထားခရီးသည် သွားလာမှုများမှာလည်း အမြင့်နေရာတွင် ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

ထျန်းကျင်းမြန်နှုန်းမြင့်ရထား ခရီးသည်တင်ရထားလမ်းပိုင်းရှိ မြန်နှုန်းမြင့်ရထား လည်ပတ်မှုစခန်း၏ ရထားတွဲ ရပ်နားရာနေရာတွင် ထွက်ခွာရန် အသင့်ဖြစ်နေသော မြန်နှုန်းမြင့်ရထားတွဲများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဇန်နဝါရီ မှ ဖေဖော်ဝါရီ အထိ၊ မြန်နှုန်းမြင့်ရထားတွဲ ပို့ဆောင်ခဲ့သော ခရီးသည် ခရီးစဉ်အကြိမ်ရေမှာ ၅၄၄ သန်းရှိပြီး နိုင်ငံတစ်ဝန်း မီးရထား ခရီးသည်ပို့ဆောင်ရေး ပမာဏ၏ ၇၃.၈ ရာခိုင်နှုန်းဖြစ်ရာ ယမန်နှစ်ကာလတူထက် ၅.၉ ရာခိုင်နှုန်းမြင့်တက်လာသည်။ နိုင်ငံတစ်ဝန်း မီးရထားခရီးသည် လည်ပတ်မှုပမာဏသည် ခရီးသည် ဦးရေအလိုက် ခရီးသွားသည့် ကီလိုမီတာ ၂၈၉.၇၅၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂.၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ယင်းအနက် မြန်နှုန်းမြင့်ရထားတွဲ ခရီးသည် လည်ပတ်မှုပမာဏသည် ခရီးသည် ဦးရေအလိုက် ခရီးသွားသည့် ကီလိုမီတာ ၁၉၂.၃၄၇ ဘီလီယံရှိပြီး ယမန်နှစ် ကာလတူထက် ၄.၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။
ဇန်နဝါရီ မှ ဖေဖော်ဝါရီအတွင်း နိုင်ငံတစ်ဝန်း မီးရထား မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုမှာလည်း ယွမ် ၆၈.၅ ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၅.၁ ရာခိုင်နှုန်း တိုးမြင့်လာရာ မီးရထားလမ်း တည်ဆောက်ရေးကို ထိရောက်စွာ မြှင့်တင်ခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
7.38亿人次!1至2月全国铁路客流创历史新高
新华社北京3月14日电(记者叶昊鸣)今年前两个月,全国铁路发送旅客7.38亿人次,同比增长6.4%,旅客发送量创历史同期新高。
这是记者14日从国家铁路局获悉的消息。
春运期间,学生流、务工流、探亲流、旅游流叠加交织,铁路客流保持高位。1至2月,动车组发送旅客5.44亿人次,占全国铁路旅客发送量的73.8%,同比增长5.9%;全国铁路旅客周转量完成2897.52亿人公里,同比增长2.9%,其中动车组旅客周转量1923.47亿人公里,同比增长4.5%。
1至2月,全国铁路固定资产投资完成685亿元,同比增长5.1%,铁路建设高效推进。(完)
图说1:1月4日,一列动车组列车驶过沪宁沿江高铁江苏常州滆湖特大桥段(无人机照片)。新华社发 (陈暐 摄)
图说2:2025年1月14日,动车组列车在铁路天津动车客车段动车运用所停车场整装待发(无人机照片)。新华社记者 李然 摄