Europe
ရုရှားနိုင်ငံနှင့် ကပ်လျက်တည်ရှိသော အခြေချနေထိုင်ရာနေရာ ၈ နေရာရှိ ဒေသခံပြည်သူများအား အတင်းအကျပ် ရွှေ့ပြောင်းရန် ယူကရိန်းဆုံးဖြတ်

ကိဗ်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ Sumy ပြည်နယ် အာဏာပိုင်များက ရုရှားနိုင်ငံ Kursk ပြည်နယ်နှင့် ကပ်လျက်တည်ရှိသော အခြေချနေထိုင်ရာနေရာ ၈ နေရာရှိ ဒေသခံပြည်သူများအား အတင်းအကျပ်ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အကြောင်းရင်းမှာ အဆိုပါဒေသ၏ “စစ်ပွဲအခြေအနေ အရှိန်မြင့်လာခြင်း” ကြောင့်ဖြစ်ကြောင်း Ukrainska Pravda သတင်းဌာန၏ မတ် ၁၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။ပြည်သူများအား အတင်းအကျပ်ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ကို Sumy ပြည်နယ် ကာကွယ်ရေးကောင်စီက ယူကရိန်းစစ်တပ်၏ အကြံပြုချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ကလေးသူငယ်များ အပါအဝင် စုစုပေါင်း လူ ၅၄၃ ဦးသည် အမြန်ဆုံး ရွှေ့ပြောင်းထွက်ခွာရမည်ဟု Sumy ပြည်နယ် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၏ ပြောကြားချက်အား ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။ သို့သော် အချို့သော ဒေသခံပြည်သူများက ရွှေ့ပြောင်းလိုချင်စိတ်မရှိဘဲ ရွှေ့ပြောင်းရန် ငြင်းဆိုသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံ Sumy ပြည်နယ်သည် ရုရှားနိုင်ငံ Kursk ပြည်နယ်နှင့် ကပ်လျက်တည်ရှိပြီး အထက်ပါ အခြေချနေထိုင်ရာနေရာ ၈ နေရာက နှစ်နိုင်ငံနယ်စပ်နှင့် ၁၀ ကီလိုမီတာ ဝန်းကျင်အကွာ၌ တည်ရှိသည်။

ရုရှားစစ်တပ်က Kursk ပြည်နယ်၌ လှုပ်ရှားမှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားဘက်က မတ် ၁၃ ရက်တွင် ဆိုထားသည်။ ယူကရိန်းစစ်တပ်အား လိုက်လံတိုက်ခိုက်ရာ၌ ရုရှားစစ်တပ်က အချို့သော ဦးတည်မှုများမှာ နယ်စပ်ကိုကျော်လွန်၍ ယူကရိန်းနိုင်ငံ Sumy ပြည်နယ်အား တိုက်ခိုက်ထားကြောင်း သိရသည်။ (Xinhua)
————————————————-
(Chinese Version)
乌克兰决定强制疏散邻近俄8个定居点居民
新华社基辅3月13日电 据《乌克兰真理报》13日报道,乌克兰苏梅州当局决定强制疏散与俄罗斯库尔斯克州相邻的8个定居点居民,原因是这一地区“战况升级”。
报道援引苏梅州军事管理局有关负责人的话说,强制疏散决定由苏梅州国防委员会根据乌克兰军方建议作出,包括儿童在内共有543人需尽快撤离。但一些居民不打算撤离,已签署拒绝疏散的协议。
乌克兰苏梅州与俄罗斯库尔斯克州接壤,上述8个定居点距两国边境10公里左右。
俄罗斯方面13日说,俄军在库尔斯克州的行动已进入最后阶段。在追击乌军过程中,俄军在个别方向越过边境攻入乌克兰苏梅州。(完)
图说:这张俄罗斯国防部3月13日发布的视频截图显示的是库尔斯克州苏贾现况。新华社发(俄罗斯国防部供图)