Connect with us

Politics, Law & Military

ဝမ်ရိနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane နှင့် မတ် ၁၃ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်နှင့် အထွေထွေအတွင်းရေးမှူးချုပ် Thongloun Sisoulith တို့ လွန်ခဲ့သည့်နှစ်က ကာဇန်မြို့ BRICS ထိပ်သီးအစည်းအဝေးကာလတွင် အောင်မြင်စွာ တွေ့ဆုံခဲ့ရာ ခေတ်သစ် တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းရေး အားကောင်းသော တွန်းအားသစ်ကို ဖြည့်တင်းခဲ့ပါကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ မဟာဗျူဟာ ဦးဆောင်မှုကို အခိုင်အမာ လက်ကိုင်ထားကာ နှစ်ပါတီ၊ နှစ်နိုင်ငံ အလွှာအသီးသီး ဆက်ဆံရေးကို နီးကပ်စေရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ တိုးချဲ့ရန်၊ နှစ်ဖက် တရားဥပဒေစိုးမိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးစည်ပင်ရေးကို အတူတကွ ကာကွယ်သွားရန် ဆန္ဒရှိပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane တို့ ၂၀၂၅ ခုနှစ် မတ် ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

Thongsavanh Phomvihane က တရုတ်နိုင်ငံအနေဖြင့် အစည်းအဝေးကြီးနှစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ခြင်းနှင့် အရေးကြီးရလဒ်များ ရရှိခဲ့ခြင်းအပေါ် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ လာအိုနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လက်ကိုင်ထားကျင့်သုံးကာ တရုတ်နိုင်ငံနှင့်အတူ လာအို-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် ပို၍ကြီးမားသည့်တိုးတက်မှုရရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————–
(Chinese Version)
王毅同老挝外长通沙万举行会谈
新华社北京3月13日电 3月13日,中共中央政治局委员、外交部长王毅在北京同老挝外长通沙万举行会谈。
王毅表示,习近平总书记和通伦总书记去年在喀山金砖峰会期间成功会晤,为深化新时代中老命运共同体建设注入强劲动力。中方愿同老方一道,坚持高层战略引领,密切两党两国各层次交往,深化拓展务实合作,加强双多边执法合作,共同维护地区和平稳定与发展振兴。
通沙万祝贺中国全国两会成功举行并取得重要成果。他表示,老方坚定奉行一个中国政策,愿同中方共同推动老中命运共同体建设取得更大进展。(完)
1. 3月13日,中共中央政治局委员、外交部长王毅在北京同老挝外长通沙万举行会谈。 新华社记者 翟健岚 摄