Africa & Middle East
ထရမ့်ပို့သည့်စာအား “ဘက်စုံအကဲဖြတ်” မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

တီဟီရန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က အီရန်နိုင်ငံထံ ရေးသားပေးပို့သည့်စာအား “ဘက်စုံအကဲဖြတ်” မည်ဟု အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baqaei က မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baqaei က အီရန်သည် မတ် ၁၂ ရက် ညပိုင်းတွင် ထရမ့် ပေးပို့သည့်စာအား လက်ခံရရှိပြီးဖြစ်ကြောင်း၊ အီရန်ဘက်က “ဘက်စုံအကဲဖြတ်ပြီးနောက် မည်ကဲ့သို့ တုံ့ပြန်ရမည်ကို ဆုံးဖြတ်သွားမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု IRNA ၏ သတင်းအရ သိရသည်။
လတ်တလောရက်ပိုင်းအတွင်း ထုတ်လွှင့်ခဲ့သည့် တွေ့ဆုံမေးမြန်းမှု ရုပ်သံအစီအစဉ်တစ်ခုတွင် ထရမ့်က ၎င်းသည် အီရန် ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီထံ စာပို့ခဲ့ကြောင်း၊ အီရန်အား နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် စွန့်လွှတ်ရေးနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းရန် တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————————————–
(Chinese Version)
伊朗外交部说将“全面评估”特朗普信件
新华社德黑兰3月13日电 伊朗外交部发言人13日表示,伊朗方面将“全面评估”美国总统特朗普写给伊朗的信件。
据伊斯兰共和国通讯社报道,伊朗外交部发言人伊斯梅尔·巴卡埃说,伊朗已于12日晚收到特朗普的信件,伊朗方面将在“全面评估后决定如何作出回应”。
特朗普在近日播出的一段访谈节目中说,他已致信伊朗最高领袖哈梅内伊,敦促伊方就放弃开发核武器计划与美国进行谈判。(完)
图说:3月10日,伊朗外交部发言人巴加埃在德黑兰出席新闻发布会。新华社记者 沙达提 摄