Connect with us

Politics, Law & Military

တရုတ်နိုင်ငံအနေဖြင့် အီရန် နျူကလီးယားအရေးအတွက် တရုတ်-ရုရှား-အီရန်၏ ပေကျင်းတွေ့ဆုံဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက မတ် ၁၄ ရက်တွင် ကျင်းပမည့် အီရန် နျူကလီးယားအရေးအတွက် တရုတ်-ရုရှား-အီရန်၏ ပေကျင်းတွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၁၃ ရက်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် ပေကျင်းတွေ့ဆုံဆွေးနွေးမှုသည် တရုတ်နိုင်ငံ၏ နောက်ဆုံး သံတမန်ရေးရာ ကြိုးပမ်းမှုဖြစ်ပြီး ချိတ်ဆက်ဆွေးနွေးညှိနှိုင်းမှုကို မြှင့်တင်ခြင်းဖြင့် တွေ့ဆုံဆွေးနွေးမှုအား ဆောလျင်စွာ ပြန်လည်စတင်ရေးအတွက် အခြေအနေ ဖန်တီးပေးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်၏ ပါဝင်သူအနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေး နည်းလမ်းမှတစ်ဆင့် အီရန်နျူကလီးယားအရေးအား အဆင်ပြေစွာ ဖြေရှင်းကာ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးယန္တရားအား ထိန်းသိမ်းပြီး အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုအား မြှင့်တင်သည့် ရပ်တည်ချက်ကို အမြဲလက်ကိုင်ထားကြောင်း မော်နင်က ပြောကြားခဲ့သည်။

“အီရန် နျူကလီးယားအရေး အခြေအနေ အရှိန်မြင့်တက်ပြီး အတိုက်အခံ ပဋိပက္ခဖြစ်ခြင်းမှ ရှောင်ကြဉ်ရန်အတွက် လက်ရှိအခြေအနေမှာ သက်ဆိုင်ရာဘက်အသီးသီးက တည်ငြိမ်စွာဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်တယ်လို့ ကျွန်မတို့ယူဆပါတယ်။ ဘက်အသီးသီးက စိတ်တူကိုယ်တူ လုပ်ဆောင်ပြီး ယုံကြည်မှုများ မြှင့်တင်ခြင်းနဲ့ သံသယများ ဖယ်ရှားခြင်းကို အဆက်မပြတ် လုပ်ဆောင်ကာ တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ရေး အလားအလာကို လက်တွေ့အဖြစ် ပြောင်းလဲခြင်းအား ဆောလျင်စွာ ဖော်ဆောင်ဖို့ တရုတ်နိုင်ငံက ရိုးသားစွာ မျှော်လင့်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(Chinese Version)
外交部谈中方对伊朗核问题中俄伊北京会晤期待
新华社北京3月13日电(记者温馨、马卓言)就中方将于14日举行伊朗核问题中俄伊北京会晤,外交部发言人毛宁13日在例行记者会上答问时表示,北京会晤是中方最新的外交努力,旨在加强沟通协调,为早日恢复对话谈判创造条件。
毛宁表示,作为联合国安理会常任理事国和伊朗核问题全面协议的参与方,中国一贯主张通过政治外交途径妥善解决伊朗核问题,维护国际核不扩散机制,促进中东地区的和平稳定。
“在当前形势下,我们认为有关各方都应当保持冷静克制,避免伊核局势升级,甚至走向对抗冲突。中方真诚希望各方能够相向而行,不断增信释疑,早日将重启对话谈判的势头转化为现实。”毛宁说。(完)