Connect with us

North America

အမေရိကန်၏ စည်းကြပ်ခွန်မူဝါဒက အမေရိကန်ကုမ္ပဏီများအား ထိခိုက်စေမည်ဟု Tesla ကုမ္ပဏီ ဆို

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Mateo ခရိုင်ရှိ Tesla ကားအရောင်းဆိုင်တစ်ဆိုင်အား ၂၀၂၄ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ)
အမေရိကန် လျှပ်စစ်ကားထုတ်လုပ်သူ Tesla ကုမ္ပဏီသည် မကြာသေးမီက အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးသို့ စာပေးပို့၍ အမေရိကန်အစိုးရ၏ ပမာဏများပြားသော စည်းကြပ်ခွန်မူဝါဒသည် အမေရိကန်ကုမ္ပဏီများအား ထိခိုက်စေလိမ့်မည်ဟု သတိပေးခဲ့ကြောင်း အမေရိကန်မီဒီယာများက မတ် ၁၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အလွန်မြင့်မားသည့် စည်းကြပ်ခွန်ကြောင့် အမေရိကန်က မဖြစ်မနေတင်သွင်းရန် လိုအပ်သော ကုန်ပစ္စည်းကုန်ကျစရိတ် တိုးမြင့်လာလိမ့်မည်ဟု Tesla က စာထဲတွင် ဆိုထားသည်။ ကုန်သွယ်ရေး အငြင်းပွားမှုသည် လက်တုံ့ပြန်မှု အစီအမံများနှင့်လည်း ရင်ဆိုင်ရလာနိုင်ပြီး အမေရိကန်မှ တင်ပို့သော လျှပ်စစ်ကား၏ စည်းကြပ်ခွန်လည်း တိုးများလာစေကာ အမေရိကန်ပို့ကုန်ကုမ္ပဏီများက အချိုးအဆ မကိုက်ညီသော သက်ရောက်မှုများ သေချာပေါက်ခံရလိမ့်မည်ဖြစ်ကြောင်း စာထဲတွင် ရေးသားထားသည်။

ထောက်ပံ့ရေးကွင်းဆက်အား ပြည်တွင်း၌ဖော်ဆောင်ရန် တက်တက်ကြွကြွ တွန်းအားပေးသော်ငြားလည်း “အစိတ်အပိုင်းတချို့ကို အမေရိကန်ပြည်တွင်းမှာ ဝယ်ယူဖို့ဆိုတာ အခက်အခဲ ရှိနေဆဲ ဒါမှမဟုတ် မဖြစ်နိုင်တာ ရှိပါတယ်” ဟု Tesla က ယူဆထားသည်။

ကျယ်ပြန့်များပြားသော စည်းကြပ်ခွန်များ ကောက်ခံခြင်းကြောင့် အမေရိကန်တပ်ဆင်ရေးစက်ရုံများ၏ ထုတ်လုပ်မှုအပေါ် အနှောင့်အယှက် ဖြစ်စေလိမ့်မည်ဟု အမေရိကန် အော်တိုမိုဘိုင်းအသင်း (AAA) က ထိုမတိုင်မီ ပြောကြားခဲ့ဖူးသည်။ ကားထုတ်လုပ်သော ကုမ္ပဏီများသည် ညတွင်းချင်း မူလထောက်ပံ့ရေးကွင်းဆက်ကို ထိုးဖောက်နိုင်မည်မဟုတ်ကြောင်း၊ ကုန်ကျစရိတ်မြင့်တက်လာမှုကြောင့် ရှောင်လွဲ၍မရသည့် ဈေးနှုန်းမြင့်တက်မှု၊ စားသုံးသူများအား ထောက်ပံ့ပေးသည့် ကားအမျိုးအစား လျော့နည်းလာမှုနှင့် အမေရိကန် ထုတ်လုပ်ရေးလိုင်း ပိတ်သိမ်းမှုများ ဖြစ်လာနိုင်ကြောင်းလည်း ဆိုထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Mateo ခရိုင်ရှိ Tesla ကားအရောင်းဆိုင်တစ်ဆိုင်အား ၂၀၂၄ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
特斯拉:美国关税政策将损害美国公司
新华社旧金山3月14日电(记者吴晓凌)据美国媒体14日报道,美国电动汽车生产商特斯拉公司日前致信美国贸易代表办公室,警告美国政府的高额关税政策将损害美国公司。   特斯拉在信中说,过高的关税将推高美国必要进口商品的成本。贸易争端还将面临报复性措施,造成美国出口电动汽车的关税增加,美国出口商必然受到不成比例的影响。特斯拉认为,即使积极推进供应链本地化,“某些零部件在美国境内采购仍然困难或不可能”。
美国汽车驾驶协会此前曾表示,征收广泛关税将扰乱美国装配厂的生产。汽车制造商无法在一夜之间突破原有供应链,成本上涨将不可避免地导致价格上涨、向消费者提供的车型减少以及美国生产线关闭。(完)
图说:这是2024年4月15日在美国加州圣马特奥县拍摄的一家特斯拉汽车销售店。新华社发(李建国摄)