Connect with us

Asia

အမေရိကန်၏လုပ်ရပ်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် နိုင်ငံတကာဥပဒေအား ချိုးဖောက်နေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဆို

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova အား ၂၀၂၃ ခုနှစ် မတ် ၂၃ ရက် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် မကြာသေးမီက ပြင်ဆင်ထုတ်ပြန်ထားသော “အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး လက်တွေ့အခြေအနေစာရင်း” နှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မတ် ၁၃ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်၏လုပ်ရပ်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ချိုးဖောက်နေသည့်အပြင် နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်နေသည်မှာ သေချာကြောင်း ပြောကြားခဲ့သည်။

Maria Zakharova က ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။ အမေရိကန်က ထိုင်ဝမ်အပေါ် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချသည့် သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ထိုင်ဝမ်နှင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုများ ထိန်းသိမ်းထားခြင်းသည် ပူးပေါင်းဆောင်ရွက်မှုအတွက် မဟုတ်ကြောင်း၊ ယင်းသည် အဆိုပါဒေသတွင်း၌ တင်းမာမှုအခြေအနေ ဖန်တီး၍ ထိုင်ဝမ်ကို တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများအပေါ် ဖိအားပေးသည့် ကိရိယာအဖြစ် အသုံးပြုရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက တရုတ်နိုင်ငံရဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပါတယ်” ဟု Maria Zakharova က အလေးထား ပြောကြားခဲ့သည်။ (Xinhua)

———————–
(Chinese Version)
俄外交部发言人:美方行为违反一个中国原则和国际法
新华社莫斯科3月14日电(记者江宥林)针对美国国务院官网前不久更新,修改“美台关系事实清单”,俄罗斯外交部发言人扎哈罗娃在13日的记者会上表示,美方的行为违反了一个中国原则,无疑也违反了国际法。
扎哈罗娃说,台湾是中国不可分割的一部分。美国签署对台军售合同、保持同台湾的政治接触,不是为了合作,而恰恰是为了在这一地区制造紧张气氛,将台湾作为向中国和中国人民施压的工具。
“台湾是中国不可分割的一部分,中华人民共和国政府是中国唯一合法政府。”扎哈罗娃强调。(完)
图说:Russian Foreign Ministry spokesperson Maria Zakharova attends a weekly briefing on March 23, 2023. (Russian Foreign Ministry photo)