Africa & Middle East
အမေရိကန်လေယာဉ်တင်သင်္ဘောနှင့် ၎င်းနှင့်လိုက်ပါသည့် သင်္ဘောများအား ပင်လယ်နီတွင် တိုက်ခိုက်ခဲ့သည်ဟု ယီမင် ဟူသီလက်နက်ကိုင်များက ဆို

ကူဝိတ်စီးတီး၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ဟူသီလက်နက်ကိုင်များကို ပစ်မှတ်ထားသည့် အမေရိကန်၏ လေကြောင်းအကြီးအကျယ်တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ယီမင် ဟူသီလက်နက်ကိုင်များသည် မတ် ၁၆ ရက်က ပင်လယ်နီတွင် အမေရိကန် “USS Harry Truman” လေယာဉ်တင် သင်္ဘောနှင့် ၎င်း၏နောက်ပါသင်္ဘောများအား စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ယီမင်ဟူသီလက်နက်ကိုင်များက ယင်းနေ့၌ ပြောကြားခဲ့သည်။
ယီမင် ဟူသီလက်နက်ကိုင် ပြောရေးဆိုခွင့်ရှိသူ Yahya Saraiya က ၎င်းတို့အဖွဲ့အနေဖြင့် ပင်လယ်နီနှင့် အာရေဗီယားပင်လယ်ရှိ အမေရိကန် စစ်သင်္ဘောအားလုံးကို “လုံးဝ မဆိုင်းမတွ” တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိသည်အထိ သတ်မှတ်ထားသည့် စစ်ဆင်ရေးဧရိယာ (ပင်လယ်နီ၊ အာရေဗီယားပင်လယ်၊ ဧဒင်ပင်လယ်ကွေ့နှင့် Bab el-Mandeb ရေလက်ကြား) တွင် အစ္စရေးအပေါ် ပင်လယ်ပြင် ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
新华简讯|也门胡塞武装称在红海袭击美国航母及随行舰只
新华社科威特城3月16日电 萨那消息:也门胡塞武装16日说,该组织当天在红海对美国“哈里·杜鲁门”号航空母舰及其随行舰只发动军事打击,以回应美军对胡塞武装目标的大规模空袭。
也门胡塞武装发言人叶海亚·萨雷亚说,该组织会“毫不犹豫地”针对红海和阿拉伯海的所有美国军舰发动袭击,并将继续在既定作战区域(红海、阿拉伯海、亚丁湾及曼德海峡)对以色列实施海上封锁,直到加沙地带获得人道主义援助。(完)
1. 3月16日,人们在也门首都萨那的街道上清理空袭造成的破碎玻璃。新华社发(穆罕默德·穆罕默德摄)