Connect with us

Europe

ယူကရိန်း စစ်တပ် စစ်ဦးစီးချုပ် ရာထူးနေရာ အပြောင်းအလဲဖြစ်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၃ ရက်တွင် ထုတ်ပြန်သည့် ဗီဒီယို၌ ရုရှားစစ်သားတစ်ဦး Kursk ပြည်နယ်ရှိ နေရပ်တစ်ခုသို့ ဝင်ရောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန)

ကိဗ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
Andriy Hnatov အား ယူကရိန်း စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ပြီး Anatoliy Barhilevych အား စစ်ဦးစီးချုပ်ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ယူကရိန်း သမ္မတ ဝက်ဘ်ဆိုက်က မတ် ၁၆ ရက်တွင် သမ္မတအမိန့် ထုတ်ပြန်ခဲ့သည်။

Andriy Hnatov သည် စစ်ဘက်ဆိုင်ရာ အတွေ့အကြုံ ၂၇ နှစ်ကျော် ရှိပြီး ယူကရိန်း ရေကြောင်းတပ်မဟာမှူး၊ ယူကရိန်းကြည်းတပ် အရှေ့ပိုင်းဒေသ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှူး စသည့်တာဝန်များ ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ Barhylevych ကမူ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးရေးမှူးအဖြစ် တာဝန်ခန့်အပ်ခံရရာ စစ်စည်းကမ်းထိန်းသိမ်းရေးအတွက် တာဝန်ယူရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————
(Chinese Version)
新华简讯|乌克兰武装部队总参谋长易人
新华社基辅3月16日电 根据乌克兰总统网站16日发布的总统令,安德里·格纳托夫被任命为乌武装部队总参谋长,免去阿纳托利·巴尔吉列维奇武装部队总参谋长职务。   格纳托夫有超过27年的军事经验,曾担任乌海军陆战旅指挥官、乌陆军东部作战司令部司令等。巴尔吉列维奇将被任命为乌国防部监察长,负责整饬军规军纪。(完)
1. 这张俄罗斯国防部3月13日发布的视频截图显示,俄军士兵进入库尔斯克州的一个定居点。新华社发(俄罗斯国防部供图)