North America
ထရမ့် သမ္မတ သက်တမ်းအတွင်း စီးပွားရေး ယိုယွင်းဆုတ်ယုတ်မှုမဖြစ်နိုင်ဟု “အာမခံ၍ မရ” ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ဝါရှင်တန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ စီးပွားရေးသည် ထရမ့် သမ္မတ သက်တမ်းကာလအတွင်း ယိုယွင်းဆုတ်ယုတ်မည် မဟုတ်ဟု ၎င်းအနေဖြင့် “အာမခံ၍ မရ” ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က မတ် ၁၆ ရက်တွင် NBC ၏ တွေ့ဆုံမေးမြန်းမှု၌ ပြောကြားခဲ့သည်။
Scott Bessent က ယင်းနေ့တွင် စာနယ်ဇင်းနှင့် တွေ့ဆုံဆွေးနွေးမှု အစီအစဉ်၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ အမေရိကန် သမ္မတ ထရမ့် လက်ထက်တွင် အမေရိကန် စီးပွားရေး ယိုယွင်းဆုတ်ယုတ်မည်မဟုတ်ဟု အာမခံနိုင်၊ မခံနိုင် မေးမြန်းရာတွင် Scott Bessent က ”ဘာမှ အာမခံလို့မရဘူး။ (ဥပမာ) ကိုဗစ် ဖြစ်မယ်လို့ ဘယ်သူက ကြိုတင်ခန့်မှန်းနိုင်ခဲ့လို့လဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Scott Bessent က အစိုးရအနေဖြင့် “အားကောင်းသည့် မူဝါဒများ” ချမှတ်နေကြောင်း၊ စီးပွားရေး “ချိန်ညှိမှု” အချို့ ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အစိုးရသည် မက္ကဆီကို၊ ကနေဒါ စသည့် ကုန်သွယ်ဖက်များအပေါ် စည်းကြပ်ခွန်မူဝါဒများကို အကြိမ်ကြိမ် ကြေညာပြီး ချိန်ညှိပြောင်းလဲခဲ့ခြင်းကြောင့် နယူးယောက် စတော့ရှယ်ယာဈေးကွက် စတော့ရှယ်ယာစုကြီး သုံးခုမှာ ယခုကာလများတွင် များစွာ ကျဆင်းခဲ့သလို ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်ချက် လည်း သိသိသာသာ ကျဆင်းခဲ့ရာ အမေရိကန်စီးပွားရေး ယိုယွင်းဆုတ်ယုတ်မည်ကို စိုးရိမ်မှု ဖြစ်ပွားစေခဲ့သည်။
မကြာသေးမီက စတော့ဈေးနှုန်းကျဆင်းသည့်အပေါ် စိုးရိမ်မှုများကို Scott Bessent က ချေပပြောဆိုခဲ့ရာ ဈေးကွက် စီမံချိန်ညှိခြင်းမှာ “ကောင်းမွန်သည့်အရာ” ဖြစ်သည်ဟု ဆိုသည်။ “ကျွန်တော်တို့ ကူးပြောင်းမှု တစ်ခုတော့ ရှိပါလိမ့်မယ်။ (ဒါပေမဲ့) ကျွန်တော်တို့အနေနဲ့ (ဘဏ္ဍာရေး) အကျပ်အတည်း ဖြစ်မှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
特朗普任内不会有经济衰退?美财长:“无法保证”
新华社华盛顿3月16日电 美国财政部长贝森特16日接受美国全国广播公司采访时说,他“无法保证”美国经济不会在特朗普任期内出现衰退。
贝森特当天接受《与新闻界对话》节目采访。被问及他能否保证美国总统特朗普执政期间美国经济不会衰退时,贝森特回答:“没有什么是可以保证的。(比如,)谁能预测到新冠疫情呢?”
贝森特表示,政府正在制定“强有力的政策”,经济可能会有一些“调整”。 特朗普政府频繁宣布并调整对墨西哥、加拿大等贸易伙伴的关税政策,导致纽约股市三大股指近期大幅下挫,投资者信心显著下滑,引发对美国经济衰退的担忧。
贝森特驳斥了对近期股市下跌的担忧,称市场调整是“健康的”。“我们会有一个过渡,(但是)我们不会发生(金融)危机。”(完)
1. 3月4日,交易员在美国纽约证券交易所交易大厅工作。新华社记者刘亚南摄