Connect with us

Asia

တရုတ်ကုမ္ပဏီလုပ်ငန်းရှင်ကိုယ်စားလှယ်အဖွဲ့ ဩစတြီးယားနိုင်ငံသို့ ခရီးစဉ် သွားရောက်

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ Belvedere Palace နှင့် ခရစ္စမတ်ဈေးအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်နာ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) က တရုတ်ကုမ္ပဏီလုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းကာ မတ် ၁၃ ရက်မှ ၁၆ ရက်အထိ ဩစတြီးယားနိုင်ငံသို့ ခရီးစဉ် သွားရောက်ခဲ့သည်။ ယင်းမှာ ဩစတြီးယားအစိုးရသစ်ဖွဲ့စည်းပြီးနောက် ဩစတြီးယားသို့ ပထမဆုံး ပမာဏကြီးသော တရုတ်ကိုယ်စားလှယ်အဖွဲ့လာရောက်မှုကို ကြိုဆိုရခြင်း ဖြစ်သည်။ နှစ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများက မော်တော်ယာဉ်၊ လယ်ယာစိုက်ပျိုးရေး၊ စားသောက်ကုန်ချော စသည့် ကုန်ထုတ်လုပ်ငန်းကဏ္ဍများကို နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု များစွာ ရရှိခဲ့သည်။

ခရီးစဉ်ကာလအတွင်း တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) ဥက္ကဋ္ဌ ရန့်ဟုန်ပင်းသည် ယင်းဒေသ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်မှ လူပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်ခဲ့ပြီး တရုတ်-ဩစတြီးယား ကုန်သွယ်စီးပွား ဖိုရမ်နှင့် တတိယအကြိမ် ထောက်ပံ့ရေးကွင်းဆက်ပြပွဲဆိုင်ရာ မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ စစ်မှန်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာလက်ကိုင်ထားကာ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို အတူတကွ ကာကွယ်ထိန်းသိမ်းပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်း ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့မှုအား မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း၊ တတိယအကြိမ် ထောက်ပံ့ရေးကွင်းဆက်ပြပွဲတွင် ဩစတြီးယားနိုင်ငံ ကုန်သည်စက်မှုနယ်ပယ်မှ တက်ကြွစွာ ပါဝင်ကြရန် မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့သည်။

ဩစတြီးယား ကုန်သည်စက်မှုနယ်ပယ်မှ လူပုဂ္ဂိုလ်များကလည်း တရုတ်နိုင်ငံ ကုန်သည်စက်မှုနယ်ပယ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အတူတကွ ဆန့်ကျင်သွားလိုကြောင်း၊ ဩစတြီးယားသို့ ပိုမိုများပြားသော တရုတ်ကုမ္ပဏီလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ ထပ်မံတက်လှမ်းရေးအတွက် တွန်းအားပေးကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
中国企业家代表团访问奥地利
新华社维也纳3月16日电 3月13日至16日,中国贸促会组织中国企业家代表团访问奥地利,这是奥地利新政府成立后迎来的第一个大规模中方访奥团组。双方企业围绕汽车、农业、食品加工等产业深入交流,达成多项合作意向。
访问期间,中国贸促会会长任鸿斌与当地政商界人士及联合国相关机构代表广泛交流,并出席中奥经贸论坛暨第三届链博会推介会,强调中方愿与各方一道推动经贸合作,坚持真正的多边主义,共同维护多边贸易体制,促进全球产业链供应链稳定畅通。欢迎奥工商界积极参与第三届链博会。
奥工商界人士表示,愿与中国工商界加强合作,共同反对贸易保护主义,希望更多中国企业赴奥投资兴业,推动两国友好战略伙伴关系再上新台阶。(完)
图说:这是2023年11月17日拍摄的奥地利维也纳美景宫和圣诞市场。新华社发(韩鹭摄)