Connect with us

Asia

တောင်ကိုရီးယားတွင် ဒရုန်းနှင့် ရဟတ်ယာဉ် တိုက်မိမှု ဖြစ်ပွား

ဆိုးလ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ၊ Gyeonggi ပြည်နယ်၊ Yangju မြို့ရှိ လေတပ်အခြေစိုက်စခန်း၌ မတ် ၁၇ ရက်က ဒရုန်းတစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်း တိုက်မိခဲ့ရာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံး၊ ဒဏ်ရာရသူများ မရှိသေကြောင်း တောင်ကိုရီးယားစစ်တပ်က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီ (ပေကျင်းစံတော်ချိန် မွန်းတည့် ၁၂ နာရီ) ခန့်တွင် Gyeonggi ပြည်နယ်ရှိ တပ်မတော်လေကြောင်းတပ်ဖွဲ့တစ်ခုက Gyeonggi ပြည်နယ်၊ Yangju မြို့ရှိ လေတပ်အခြေစိုက်စခန်း၌ ဒရုန်းတစ်စင်း ဆင်းသက်ရာတွင် အခြေစိုက်စခန်း၏ ရပ်ထားသော ရဟတ်ယာဉ်တစ်စင်းကို ဝင်တိုက်မိကြောင်း သတင်းပို့ချက်ကို လက်ခံရရှိခဲ့သည်ဟု
Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ ယာဉ်နှစ်စင်း တိုက်မိ၍ ဖြစ်ပွားခဲ့သော မီးလောင်မှုကို မိနစ် ၂၀ ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ရဟတ်ယာဉ်နှင့် ဒရုန်း လောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာ ဌာနများက အခင်းဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ (Xinhua)
…………………………..
(Chinese Version)
韩国发生无人机与直升机相撞事故
新华社首尔3月17日电(记者陆睿)韩国军方17日说,一架无人机和一架直升机当天在京畿道杨州空军基地相撞并引发大火,目前没有人员伤亡报告。
据韩联社报道,当地时间17日13时(北京时间12时)许,京畿道一陆军航空大队接到报告,一架无人机在京畿道杨州空军基地降落时,撞上停放在基地的一架直升机。两机相撞引发的大火约20分钟后被扑灭,直升机与无人机被烧毁。
有关部门正就事故原因展开调查。(完)