Connect with us

North America

ကနေဒီလုပ်ကြံခံရမှုနှင့် စပ်လျဉ်းသော စာမျက်နှာ ၈ သောင်းရှိ စာရွက်စာတမ်းအား မတ် ၁၈ ရက်တွင် ထုတ်ပြန်မည်ဟု ထရမ့် ဆို

ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ၎င်းအနေဖြင့် မတ် ၁၈ ရက်တွင် သမ္မတဟောင်း ကနေဒီ လုပ်ကြံခံရသည့်အမှုနှင့် စပ်လျဉ်းသော အကြောင်းအရာ ဖြတ်တောက်ထားခြင်းမရှိသည့် စာမျက်နှာ ၈ သောင်းရှိ သက်ဆိုင်ရာ စာရွက်စာတမ်းအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မတ် ၁၇ ရက်တွင် ဝါရှင်တန်မြို့၌ ကြေညာခဲ့သည်။

ထရမ့်သည် ထိုနေ့တွင် ဝါရှင်တန်မြို့ရှိ ကနေဒီ အနုပညာ ဖျော်ဖြေတင်ဆက်ရေးစင်တာ၌ ၎င်းအနေဖြင့် ကနေဒီ လုပ်ကြံခံရသည့်အမှုနှင့် စပ်လျဉ်းသော စာရွက်စာတမ်းအား ထုတ်ပြန်သွားမည်ဖြစ်ပြီး အချိန်ကို “မနက်ဖြန် တွင် သတ်မှတ်ထား” ကာ မည်သည့်အကြောင်းအရာကိုမျှ ဖြတ်တောက်သွားမည်‌ မဟုတ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

အဆိုပါ စာမျက်နှာ ၈ သောင်းရှိ စာရွက်စာတမ်း၏ ကောက်နုတ်ချက် ထောက်ပံ့ပေးမည်လောဟု မေးမြန်းမှုကို ထရမ့်က “ကောက်နုတ်ချက် မပေးပါဘူး” ၊ စာဖတ်သူများက “ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ ၃၅ ဦးမြောက် သမ္မတ ကနေဒီသည် ၁၉၆၃ ခုနှစ် နိုဝင်ဘာတွင် ဒါးလတ်စ်မြို့၌ လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အမေရိကန်လွှတ်တော်က သက်ဆိုင်ရာဥပဒေအား အတည်ပြုခဲ့ပြီး ကနေဒီလုပ်ကြံခံရမှုနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းအားလုံးကို ၂၅ နှစ်အတွင်း၊ ဆိုလိုသည်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၆ ရက်မတိုင်မီ အများပြည်သူအား ထုတ်ပြန်ကြေညာရမည်ဟု တောင်းဆိုထားသည်။

ထရမ့်က ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ကြေညာချက်အား လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာဌာနများကို ကနေဒီနှင့် အမေရိကန် လူမည်း လူ့အခွင့်အရေးလှုပ်ရှားသူခေါင်းဆောင် မာတင် လူသာကင်း စသည့် လူပုဂ္ဂိုလ်များ လုပ်ကြံခံရမှုနှင့် စပ်လျဉ်းသော ကျန်ရှိသည့်အမှုတွဲအားလုံး၏ လျှို့ဝှက်အဆင့်သတ်မှတ်မှုအား ဖယ်ရှားရန် တောင်းဆိုခဲ့သည်။ (Xinhua)

————————————————————————————–
(Chinese Version)
特朗普称将于18日公布8万页肯尼迪遇刺案文件
新华社华盛顿3月17日电(记者熊茂伶)美国总统特朗普17日在华盛顿宣布,他将于18日公布与前总统肯尼迪遇刺案相关的8万页未删节文件。
特朗普当天在华盛顿肯尼迪表演艺术中心对媒体表示,他将公布肯尼迪遇刺案文件,时间“定在明天”,且不会删节任何内容。当被问及是否会提供这8万页文件的摘要时,特朗普回答“不会提供摘要”,读者将“自行作出判断”。
美国第35任总统肯尼迪于1963年11月在达拉斯遇刺身亡。1992年,美国国会通过相关法案,要求所有与肯尼迪遇刺案相关的文件必须在25年内,即2017年10月26日之前向公众公开。
特朗普1月23日签署行政令,要求相关部门解密肯尼迪以及美国黑人民权运动领袖马丁·路德·金等人遇刺案的全部剩余档案。(完)
图说:2月22日,美国总统特朗普乘直升机返回华盛顿白宫。新华社记者 胡友松 摄