Connect with us

North America

အမေရိကန်စစ်တပ်က ယီမင်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ဖန် လုပ်ဆောင်

ယီမင်နိုင်ငံ ဆန်နားမြို့တစ်နေရာတွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မီးခိုးများ ပေါ်ထွက်လာသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး၊ မတ် ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်သည် မတ် ၁၇ ရက် ညပိုင်းတွင် ယီမင်နိုင်ငံ အနောက်ပိုင်း ဟိုဒေးဒါပြည်နယ် စသည့် ဒေသများအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ အဓိကပစ်မှတ်များမှာ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် ဟိုဒေးဒါနှင့် အနီးတစ်ဝိုက် နေရာများဖြစ်ကြောင်း ယီမင် ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် Al Masirah ရုပ်သံလွှင့်ဌာနက ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်တပ်၏ ထိုနေ့တိုက်ခိုက်မှုပစ်မှတ်များတွင် ယီမင်နိုင်ငံ မြောက်ပိုင်း Al-Jawf ပြည်နယ်၏ ပြည်နယ်အစိုးရရုံးလည်း ပါဝင်ကြောင်း သတင်း၌ ဖော်ပြထားသည်။ လက်ရှိတွင် လူသေဆုံးဒဏ်ရာရရှိသည့် အကြောင်းကြားမှု မရှိသေးကြောင်း သိရသည်။

အမေရိကန်က ဟူသီလက်နက်ကိုင်များအပေါ် လှုပ်ရှားမှုသည် ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဗဟိုစစ်ဌာနချုပ်က မတ် ၁၇ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အတည်ပြုခဲ့သည်။

အမေရိကန်က မတ် ၁၅ ရက်တွင် ယီမင် ဟူသီလက်နက်ကိုင်များအား အကြီးစား လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် မကြာမီ ဟူသီလက်နက်ကိုင်များကလည်း အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် အတူလိုက်ပါသော သင်္ဘောများအား တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အမေရိကန်စစ်တပ်က ယီမင်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင် လူ ၅၃ ဦး သေဆုံးပြီး အခြားလူ ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်များက မတ် ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
美军对也门发动新一轮空袭
新华社科威特城3月17日电(记者尹炣)萨那消息:也门胡塞武装控制的马西拉电视台17日报道,美军当晚对也门西部荷台达省等地发动空袭,主要目标是红海港口城市荷台达及其周边几个地点。
报道说,美军当天袭击目标还包括也门北部焦夫省的省政府大楼。目前没有相关伤亡报告。
美国中央司令部17日在社交媒体上发文确认,美方对胡塞武装的行动仍在继续。
美国15日开始对也门胡塞武装进行大规模空袭,胡塞武装随后对美国航空母舰及其随行舰只发动打击。也门胡塞武装16日发表声明说,美军对也门的空袭已造成53人死亡,另有98人受伤。(完)
图说:3月15日,也门首都萨那一处地点遭到空袭后升起浓烟(手机拍摄)。新华社发