Africa & Middle East
ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၂၆ ဦး အထိ မြင့်တက်လာ

ဂါဇာ၊ မတ် ၁၈ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က မတ် ၁၈ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၂၆ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။
ထိခိုက်ခံရသူများအချို့မှာ အပျက်အစီးများအတွင်း ပိတ်မိနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးသမားများက ကြိုးစား ရှာဖွေနေကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုအခြေအနေ ဆိုးရွားလာခြင်းနှင့် ဒေသအသီးသီးတွင် လောင်စာလိုအပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ ဒဏ်ရာရသူအများစုကို ဆေးရုံသို့ ပို့ဆောင်၍ မရကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ (ဟားမက်စ်) မီဒီယာရုံးက မတ် ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။
ကြေညာချက်တွင် အစ္စရေးစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ပြစ်မှုများကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပြီး ယခုအချိန်တွင် ဂါဇာကမ်းမြောင်ဒေသသည် ကပ်ဘေးအသွင်၊ မွန်းကျပ်ဖွယ် ပိတ်ဆို့မှုများကို ခံစားနေရသလို နယ်စပ်ဂိတ် ပိတ်ထားခြင်း ခံနေရကြောင်း၊ ယင်းမှာ လူသားချင်း စာနာထောက်ထားမှုအကျပ်အတည်းကို ဆိုးရွားစေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
——————–
(Chinese Version)
以军空袭加沙多地死亡人数升至326人
新华社加沙3月18日电(记者黄泽民)巴勒斯坦加沙地带卫生部门18日发表声明说,以色列军队当天对加沙地带多地的空袭已造成至少326人死亡。
声明说,部分受害者仍被埋在废墟中,搜救人员正在努力寻找。
巴勒斯坦伊斯兰抵抗运动(哈马斯)媒体办公室18日发表声明说,由于加沙地带人道主义形势严峻和各地缺乏燃料导致交通瘫痪,大量伤者无法被送往医院。声明强烈谴责以军残暴罪行,表示此时加沙地带正遭受灾难性的、令人窒息的封锁,边境口岸被关闭,这导致了严重的人道主义危机。(完)
1. 1月19日,巴勒斯坦人走在加沙地带杰巴利耶难民营。新华社发(阿卜杜勒拉赫曼·萨拉马摄)