Connect with us

Media

ကြာရှည်စွာ ပျံသန်းနိုင်မှု၊ လေးလံသောဝန် ဒဏ်ခံနိုင်မှု ရှိသော မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ် “ပေါင်ယွင်” ၏ ပထမအကြိမ် ပျံသန်းမှု ဟဲပေပြည်နယ်၊ ဟန်ရွှေမြို့၌ အောင်မြင်စွာပြုလုပ်

ဟန်ရွှေ (ဟဲပေ)၊ မတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ်၊ ဟန်ရွှေမြို့တွင် ကြာရှည်စွာ ပျံသန်းနိုင်မှု၊ လေးလံသောဝန် ဒဏ်ခံနိုင်မှု ရှိသော မောင်းသူမဲ့သယ်ယူပို့ဆောင်ရေးလေယာဉ် “ပေါင်ယွင်” ၏ ပထမအကြိမ်ပျံသန်းမှုကို မတ် ၁၈ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ “ပေါင်ယွင်” သည် ဟန်ရွှေထောင်ချိန်လေဆိပ်က အပြည့်အဝ ကိုယ်ပိုင် သုတေသန ပြုလုပ်ထားသည့် ကြာရှည်စွာ ပျံသန်းနိုင်မှု၊ လေးလံသောဝန် ဒဏ်ခံနိုင်မှု ရှိသော မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်သည်။ ယင်း၏ အကြာဆုံး ပျံသန်းနိုင်ချိန်မှာ ၂၆ နာရီရှိပြီး လက်ရှိ ၁၀ နာရီကြာ ပျံသန်းနိုင်သော အလားတူ လေယာဉ်အမျိုးအစားနှင့် နှိုင်းယှဉ်ပါက ပျံသန်းမှု စွမ်းရည်သည် နှစ်ဆကျော် တိုးတက်လာသည်။ ဈေးနှုန်းအရ နှိုင်းယှဉ်ပါက အလားတူ လေယာဉ်အမျိုးအစား တစ်စင်းအတွက် ယွမ် ၅ သန်းမှ ယွမ် ၁၀ သန်းအထိ ရှိပြီး အဆိုပါလေယာဉ်မှာ ယွမ် ၁.၅ သန်းသာ ကျသင့်မည်ဖြစ်သည်။ ယင်းမှာ မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုအတွက် ဖြစ်နိုင်ခြေ အထောက်အပံ့ ဖြစ်စေသည်။ (Xinhua)
…………………………..
(Chinese Version)
长航时大载重无人运输机“宝云号”在河北衡水成功首飞
新华社照片,衡水(河北),2025年3月18日
3月18日上午,长航时大载重无人运输机“宝云号”在河北衡水成功首飞。 “宝云号”是由衡水桃城机场完全自主研制的长航时大载重无人运输机,最长航时26个小时,比现有续航10小时左右的同类机型续航能力增长超一倍。相较于同类机型每架500万到1000万元的价格,它仅需150万元。这为无人运输机广泛投入应用提供了可能。
图说1:3月18日拍摄的“宝云号”长航时大载重无人运输机首飞仪式现场。 新华社发(陈连胜 摄)
图说2:3月18日,工作人员对“宝云号”长航时大载重无人运输机进行检查作业。新华社发(陈连胜 摄)