Europe
ပူတင်နှင့် ထရမ့် ဆော်ဒီအာရေဗျ၌ တွေ့ဆုံနိုင်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ပြောကြား

မော်စကို၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ရုရှား သမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရမ့်တို့ ဆော်ဒီအာရေဗျ၌ တွေ့ဆုံဆွေးနွေးမှုသည် နည်းလမ်းတစ်မျိုးအနေဖြင့် ဖယ်ရှား၍မရနိုင်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က မတ် ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း ရုရှားမီဒီယာများ၏ သတင်းအရ သိရသည်။
ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးနိုင်မည့် နေရာကို ရုရှား-အမေရိကန် ဆွေးနွေးမှုရှိပါသလော၊ အမေရိကန် သမ္မတ၏ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Witkoff ပြောခဲ့ဖူးသည့် ဆော်ဒီအာရေဗျသည် တွေ့ဆုံနိုင်ဖွယ်ရှိသည့် နေရာဖြစ်ပါသလောဟု ရုရှားမီဒီယာများက မေးမြန်းရာတွင် Dmitry Peskov က “ဒီနည်းလမ်းဖြစ်နိုင်ခြေမရှိဘူးလို့ ဖယ်ရှားလို့မရပါဘူး၊ ဒါပေမဲ့ လက်ရှိ ဒီကိစ္စနဲ့စပ်လျဉ်းပြီး အသေးစိတ်ကို မဆွေးနွေးရသေးဘူး” ဟု ပြောကြားခဲ့သည်။
ထိုမတိုင်မီ သတင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို Dmitry Peskov က ဖြေကြားရာတွင် ရုရှား-အမေရိကန် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုက ဆော်ဒီအာရေဗျတွင် ကျင်းပနိုင်သည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း TASS သတင်းအရ သိရသည်။ Dmitry Peskov က ၎င်းအနေဖြင့် ပူတင်နှင့် ထရမ့် ကိုယ်စားမပြောနိုင်သော်လည်း ၎င်းအနေဖြင့် “အသေချာဆုံးကတော့ (နှစ်ဖက်တွေ့ဆုံဆွေးနွေး) ဖြစ်နိုင်တယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
俄总统新闻秘书:不排除普京与特朗普在沙特会晤的可能性
新华社莫斯科3月19日电(记者黄河)据俄媒报道,俄罗斯总统新闻秘书佩斯科夫19日说,俄总统普京和美国总统特朗普在沙特阿拉伯举行会晤“作为一种方案不能排除”。
当被俄罗斯媒体问及俄美是否讨论过潜在的元首会晤举行地,美国总统中东问题特使威特科夫提到的沙特阿拉伯是否为可能地点时,佩斯科夫说,“这一方案不能被排除,但目前还没有关于这个问题的具体细节”。
据塔斯社报道,威特科夫此前接受媒体采访时暗示,俄美两国领导人会晤可以在沙特举行。威特科夫说,他不能代表普京和特朗普发言,但他“最确信的是(双方会晤)会发生”。(完)
1. 这是2024年5月11日在俄罗斯首都莫斯科拍摄的克里姆林宫。新华社发(亚历山大摄)