Connect with us

North America

အမေရိကန်၏ Cloud ဝန်ဆောင်မှုနည်းပညာအပေါ် မှီခိုအားထားမှုကို လျှော့ချရန် နယ်သာလန်အောက်လွှတ်တော် တိုက်တွန်း

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂရုံးချုပ်တွင် အမေရိကန်အလံအား ပြင်ဆင်နေရာချနေသော ဝန်ထမ်းတစ်ဦးအား ၂၀၂၂ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သည်ဟိတ်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
နယ်သာလန်အောက်လွှတ်တော်က မတ် ၁၉ ရက်တွင် အဆိုပြုချက်များစွာကို အတည်ပြုခဲ့ပြီး နယ်သာလန်အစိုးရအား အမေရိကန် cloud ဝန်ဆောင်မှုနည်းပညာအပေါ် မှီခိုအားထားမှုကို လျှော့ချရန်၊ တစ်ချိန်တည်းမှာပင် နယ်သာလန်နှင့် ဥရောပတို့အပေါ် အစားထိုး နည်းလမ်းများ၏ ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။
အဆိုပါ အဆိုပြုချက်များကို နယ်သာလန်အောက်လွှတ်တော်ရှိ အာဏာရပါတီအနည်းငယ်နှင့် အတိုက်အခံပါတီတို့မှ အသီးသီး တင်ပြခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ် အထူးသဖြင့် cloud နည်းပညာကဏ္ဍတွင် နယ်သာလန်အစိုးရသည် လက်ရှိ၌ အမေရိကန်ကုမ္ပဏီကြီး အနည်းငယ်အပေါ် တဖက်သတ် မှီခိုအားထားနေရပြီး ယင်းအခြေအနေသည် အန္တရာယ်များ ဆောင်ကြဉ်းပေးနိုင်ကြောင်း နယ်သာလန် အာဏာရပါတီများအနက်တစ်ခုဖြစ်သော Nieuw Sociaal Contract (NSC) ပါတီက အဆိုပြုချက်တွင် ထောက်ပြခဲ့သည်။ ယင်းအဆိုပြုချက်က အမေရိကန်ကုမ္ပဏီများအပေါ် မှီခိုအားထားမှုကို လျှော့ချရန် နယ်သာလန်အစိုးရအား နယ်သာလန်ပြည်တွင်း သို့မဟုတ် အနည်းဆုံးအနေဖြင့် ဥရောပနယ်ပယ်အတွင်းရှိ cloud ဝန်ဆောင်မှုများ ပြောင်းလဲ အသုံးပြုရန် တိုက်တွန်းခဲ့သည်။
အမေရိကန်၏ cloud ဝန်ဆောင်မှုပေးသူများက ဥရောပဈေးကွက်တွင် ဦးဆောင်ကြီးစိုးနိုင်သည့် အနေအထားရှိပြီး အမေရိကန်၏ “ပြည်ပတွင် ဒေတာ တရားဝင် သုံးစွဲမှု ရှင်းလင်းရေး ဥပဒေ” ကဲ့သို့သော ဥပဒေများက ဥရောပနိုင်ငံသားများ၊ ကုမ္ပဏီလုပ်ငန်းနှင့် အစိုးရ ဒေတာများကို အမေရိကန်အစိုးရ ရရှိရန် ဖြစ်နိုင်ခြေရှိကြောင်း၊ ထို့ကြောင့် ဥရောပအနေဖြင့် မဟာဗျူဟာမြောက် ဒစ်ဂျစ်တယ်အဆင့်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် စီးပွားရေး၊ နည်းပညာနှင့် နိုင်ငံလုံခြုံရေးအတွက်ပါ လွန်စွာအရေးကြီးကြောင်း နယ်သာလန်အတိုက်အခံပါတီက ဥရောပပါတီ၏ အဆိုပြုချက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အဆိုပြုချက်က ဥရောပ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များနှင့်အတူ အမေရိကန် cloud ဝန်ဆောင်မှုပေးသူများအား အစားထိုးမည့်နည်လမ်းကို အတူရှာဖွေပြီး ဥရောပ cloud အစားထိုးနည်လမ်းနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်တင်ရန် တောင်းဆိုထားသည်။
နယ်သာလန်နှင့် ဥရောပတို့သည် စွမ်းအင်၊ ကာကွယ်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံနယ်ပယ်များတွင် ကိုယ်တိုင်ရပ်တည်ရေး လမ်းကြောင်းသို့ မဖြစ်မနေသွားရမည်ကို အမေရိကန်အစိုးရ၏ လက်ရှိလုပ်ဆောင်မှုများက ပြသနေကြောင်း အခြားသော အတိုက်အခံပါတီတစ်ခုသော Democrats 66 ပါတီ၏ အဆိုပြုချက်တွင် ပြောကြားထားသည်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးများအပေါ် မှီခိုအားထားမှုသည် နယ်သာလန်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဆိုက်ဘာလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေမည်ဟု အတိုက်အခံပါတီရှိ GL-PvdA ပါတီကလည်း အဆိုပြုချက်တွင် အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
荷兰众议院呼吁减少对美国云服务技术的依赖
新华社海牙3月19日电(记者王湘江 邓耀敏)荷兰众议院19日通过多项动议,呼吁荷兰政府减少对美国云服务技术的依赖,同时加快对荷兰以及欧洲替代方案的投资。
这些动议由荷兰众议院几个执政和在野政党分别提出。荷兰执政党之一的新社会契约党在动议里指出,在数字技术范畴,尤其是云技术方面,荷兰政府目前单方面依赖少数几家美国大型企业,这种局面可能会带来风险。该动议敦促荷兰政府转而选用荷兰本土或者至少是欧洲范围内的云服务,以此来降低对美国公司的依赖。
荷兰在野的欧洲党在动议中表示,美国的云服务提供商在欧洲市场占据主导地位,然而美国诸如《澄清海外合法使用数据法》等法律,使美国政府有获取欧洲公民、企业以及政府数据的可能性。因此,欧洲在战略数字层面的自主权,对于经济、技术以及国家安全而言,都至关重要。动议要求与欧盟合作伙伴共同探寻对美国云服务提供商的替代方案,并加速对欧洲云替代方案以及数字基础设施的投资。
另一个在野党六六民主党提出的动议说,美国政府目前采取的一系列行动表明,荷兰和欧洲在能源、国防以及信息通信技术基础设施领域必须走向自立。在野的绿党-工党联盟在动议中也强调说,对美国科技巨头的依赖会对荷兰的自主权和网络安全形成威胁。(完)
图说:2022年3月24日,工作人员在比利时布鲁塞尔的欧盟总部整理美国国旗。新华社记者张铖摄