Connect with us

China

တရုတ်နိုင်ငံ၏ စက်တပ်ဆင်ဓာတ်အားထုတ်လုပ်မှု ပမာဏ ၃.၄ ဘီလီယံ ကီလိုဝပ်သို့ ရောက်ရှိ

တရုတ်နိုင်ငံ၊ ချင်းဟိုင်ပြည်နယ်၊ ဟိုင်နန် (ဇန့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ကုန့်ဟော်ခရိုင်၊ ထာလာသောင်ရှိ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဥယျာဉ်တွင် ရိုက်ကူးထားသော ဆိုလာဓာတ်အားပေးစက်ရုံကို ဝေဟင်မှ ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ လနှောင်းပိုင်းအထိ တစ်နိုင်ငံလုံး၏ စုစုပေါင်း စက်တပ်ဆင်ဓာတ်အားထုတ်လုပ်မှု ပမာဏသည် ၃.၄ ဘီလီယံ ကီလိုဝပ် ဖြစ်ပြီး ယမန်နှစ်ကာလတူထက် ၁၄.၅ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း တရုတ်နိုင်ငံ စွမ်းအင်ဗျူရို၏ မတ် ၂၀ ရက်က ထုတ်ပြန်သော အချက်အလက်တွင် ဖော်ပြထားသည်။

ယင်းအနက် ဆိုလာစွမ်းအင် စက်တပ်ဆင်ဓာတ်အားထုတ်လုပ်မှု ပမာဏသည် သန်း ၉၃၀ ကီလိုဝပ်ရှိပြီး ယမန်နှစ်ကာလတူထက် ၄၂.၉ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း၊ လေအားလျှပ်စစ် စက်တပ်ဆင်ဓာတ်အားထုတ်လုပ်မှု ပမာဏသည် သန်း ၅၃၀ ကီလိုဝပ်ရှိပြီး ယမန်နှစ်ကာလတူထက် ၁၇.၆ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။

ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကိရိယာများ၏ ပျမ်းမျှအသုံးပြုချိန်မှာ ၅၀၅ နာရီရှိပြီး ယမန်နှင့် ကာလတူထက် ၆၁ နာရီ လျော့နည်းသွားကြောင်း၊ တစ်နိုင်ငံလုံး၏ အဓိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကုမ္ပဏီများ၏ လျှပ်စစ်အရင်းအမြစ် စီမံကိန်းများတွင် ယွမ် ၇၅.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပြီးစီးပြီ ဖြစ်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၀.၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ လျှပ်စစ်ကွန်ရက်ဆောက်လုပ်ရေးတွင် ယွမ် ၄၃.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပြီးစီးပြီ ဖြစ်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၃၃.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ (Xinhua)


……………………………………
(Chinese Version)
我国发电装机容量达34亿千瓦
新华社北京3月20日电(记者戴小河)国家能源局20日发布的信息显示,截至2月底,全国累计发电装机容量34亿千瓦,同比增长14.5%。
其中,太阳能发电装机容量9.3亿千瓦,同比增长42.9%;风电装机容量5.3亿千瓦,同比增长17.6%。
1至2月份,全国发电设备累计平均利用505小时,比上年同期减少61小时;全国主要发电企业电源工程完成投资753亿元,同比增长0.2%;电网工程完成投资436亿元,同比增长33.5%。(完)
图说:这是1月15日在青海省海南藏族自治州共和县塔拉滩绿色产业发展园区拍摄的光伏电站(无人机照片)。新华社记者 解统强 摄