Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော် ရှိပြီ ဖြစ်

ဂါဇာ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန် ပေါက်ကွဲဖြစ်ပွားသည့် အချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးသူ ၅၀,၀၂၁ ဦး၊ ဒဏ်ရာရသူ ၁၁၃,၂၇၄ ဦး ရှိပြီဖြစ်ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသ ဆေးရုံအသီးသီးတွင် လက်ခံထားသည့် သေဆုံးသူရုပ်အလောင်း ၄၁ ခုနှင့် ဒဏ်ရာရသူ ၆၁ ဦး ရှိကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်နှင့် ရာဖာဒေသများကို မတ် ၂၃ ရက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအနည်းဆုံး ၃၀ သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ (WAFA) က ယင်းနေ့တွင် ဖော်ပြခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalia နှင့် Beit Hanoun ဒေသများကိုလည်း အစ္စရေးစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

အစ္စရေးစစ်တပ်က မတ် ၂၂ ရက်မှစ၍ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Hanoun ဒေသတွင် မြေပြင်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပြီး ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း “လုံခြုံရေးဇုန်” အတိုင်းအတာကို ထပ်မံတိုးချဲ့နေကြောင်း အစ္စရေးကာကွယ်ရေးတပ်က မတ် ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။

ထို့အပြင် အစ္စရေးစစ်တပ်က မတ် ၂၃ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာဒေသ Tel Sultan အနီးရှိ နေထိုင်သူပါလက်စတိုင်းများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အရေးပေါ်အကြောင်းကြားပြီး ချက်ချင်း ထွက်ခွာကြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)
—————————-
以色列在加沙地带军事行动已致5万多人死亡
新华社加沙3月23日电(记者黄泽民)巴勒斯坦加沙地带卫生部门23日发表声明说,自2023年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成50021人死亡、113274人受伤。
声明说,在过去24小时内,加沙地带各医院接收了41具遇难者遗体和61名伤员。
另据巴勒斯坦通讯社23日报道,以军当天轰炸了加沙地带南部汗尤尼斯和拉法地区,造成至少30人死亡、数十人受伤。以军还轰炸了加沙地带北部杰巴利耶和拜特哈嫩地区。
以色列国防军23日发表声明说,以军22日开始在加沙地带北部拜特哈嫩地区展开地面行动,打击巴勒斯坦伊斯兰抵抗运动(哈马斯)的基础设施,进一步扩大加沙地带北部“安全区”范围。
以军23日还向加沙地带南部拉法地区泰勒苏丹附近的巴勒斯坦居民发出紧急疏散通知,要求他们立即撤离。(完)

1. 3月18日,在加沙地带北部加沙城的一处社区,人们清理遭以军空袭损毁的建筑。新华社发(里泽克·阿卜杜勒贾瓦德摄)