Connect with us

Politics, Law & Military

ဟယ်လိဖုန်းက မာလ်တီနေရှင်နယ်ကုမ္ပဏီများမှ တာဝန်ခံများအား တွေ့ဆုံ၍ အဆင့်မြင့်တံခါးဖွင့်လှစ်မှုအားကို ဆက်လက် တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် Apple ကုမ္ပဏီ CEO ဖြစ်သူ Tim Cook နှင့် ပေကျင်းမြို့၌ မတ် ၂၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟယ်လိဖုန်းသည် Apple၊ Pfizer၊ Brookfield၊ Medtronic၊ Mastercard၊ Eli Lilly၊ Cargill၊ Corning စသည့် နာမည်ကျော် မာတီနေရှင်နယ်ကုမ္ပဏီများမှ တာဝန်ခံများနှင့် မတ် ၂၃ ရက် ညနေပိုင်းက တွေ့ဆုံပြီး ကမ္ဘာလုံးဆိုင်ရာနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေး စသည်နှင့်စပ်လျဉ်း၍ အမြင်သဘောချင်း ဖလှယ်ခဲ့ကြသည်။

ဟယ်လိဖုန်းက တရုတ်နိုင်ငံ၏ စီးပွားရေးသည် ခံနိုင်ရည်စွမ်းအားကောင်းမှု၊ အလားအလာကြီးမားမှု၊ တက်ကြွစွမ်းအား ပြည့်ဝမှု ရှိကြောင်း၊ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မပြောင်းမလဲ ခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်သလို ပြည်ပ အဆင့်မြင့်တံခါးဖွင့်လှစ်ရေးကို တိုးချဲ့သွားမည် ဖြစ်ပြီး စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ရာ တရုတ်နိုင်ငံတွင် မာတီနေရှင်နယ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်၊ တိုးတက်မှုအခွင့်အလမ်းတွေ မျှဝေခံစားရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် Pfizer ကုမ္ပဏီ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Albert Bourla နှင့် ပေကျင်းမြို့၌ မတ် ၂၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် Brookfield ကုမ္ပဏီ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Bruce Flatt နှင့် ပေကျင်းမြို့၌ မတ် ၂၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

မာတီနေရှင်နယ် ကုမ္ပဏီများမှ ကုမ္ပဏီတာဝန်ခံများက တရုတ်ဈေးကွက်အား အလေးထားပြီး တရုတ်စီးပွားရေးအလားအလာကို အကောင်းမြင်ရာ တရုတ်နိုင်ငံနှင့် ရေရှည် ပူးပေါင်းဆောင်ရွက်မှုများကို အားထားဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)

#China #MultinationalCompanies #Investment #တရုတ် #အပြည်ပြည်ဆိုင်ရာကုမ္ပဏီများ #ရင်းနှီးမြှုပ်နှံမှု

—————————————-
(Chinese Version)
何立峰会见跨国公司负责人时指出   中国将继续扩大高水平对外开放   欢迎跨国公司扩大在华投资深化互利共赢
新华社北京3月23日电 中共中央政治局委员、国务院副总理何立峰23日傍晚会见苹果、辉瑞、博枫、美敦力、万事达卡、礼来制药、嘉吉、康宁等知名跨国公司负责人,就全球和中国经济形势、中美经贸合作、扩大对华投资等交换意见。
何立峰表示,中国经济韧性强、潜力大、活力足,中国坚定不移推动高质量发展,扩大高水平对外开放,持续优化营商环境,欢迎跨国公司扩大在华投资,共享发展机遇。   跨国公司负责人表示重视中国市场,看好中国经济前景,愿致力于对华长期合作。(完)
1. 3月23日,中共中央政治局委员、国务院副总理何立峰在北京会见苹果公司首席执行官蒂姆·库克。 新华社记者 刘彬 摄
2. 3月23日,中共中央政治局委员、国务院副总理何立峰在北京会见辉瑞公司董事长兼首席执行官艾伯乐。 新华社记者 刘彬 摄
3. 3月23日,中共中央政治局委员、国务院副总理何立峰在北京会见博枫集团董事长兼首席执行官布鲁斯·弗拉特。 新华社记者 刘彬 摄