Connect with us

International Organizations

ကုလသမဂ္ဂအနေဖြင့် ဂါဇာရှိ ၎င်း၏ဝန်ထမ်းလှုပ်ရှားမှုများအား လျှော့ချမည်ဖြစ်

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကုလသမဂ္ဂ)

ကုလသမဂ္ဂ၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အစ္စရေးက ဂါဇာဒေသအပေါ် စစ်ရေးလှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်၍ အဆိုပါဒေသအပေါ် လူသားချင်းစာနာမှု အကူအညီများအား အလုံးစုံဖြတ်တောက်လိုက်သဖြင့် ကုလသမဂ္ဂအနေဖြင့် ဂါဇာဒေသ၌ ၎င်း၏ဝန်ထမ်း လှုပ်ရှားမှုများအား မဖြစ်မနေ လျှော့ချလိုက်ရကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ် ၂၄ ရက်တွင် ၎င်း၏ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ထုတ်ပြန်ပြောကြားခဲ့သည်။

လွန်ခဲ့သည့်တစ်ပတ်အတွင်း အစ္စရေးက ဂါဇာဒေသအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ကုလသမဂ္ဂဝန်ထမ်းများ အပါအဝင် ပြည်သူပေါင်း ရာနှင့်ချီသေဆုံးခဲ့ရကြောင်း၊ မတ်လ လဆန်းမှစ၍ ဂါဇာဒေသ၏ လူသားချင်းစာနာမှု အကူအညီများအားလုံး ဖြတ်တောက်ခံခဲ့ရကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

ထို့ကြောင့် ၎င်းအနေဖြင့် ဂါဇာရှိ ကုလသမဂ္ဂဝန်ထမ်းလှုပ်ရှားမှုများအား လျှော့ချသွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် ကုလသမဂ္ဂက ဂါဇာဒေသမှ စွန့်ခွာသွားမည်မဟုတ်ဘဲ ဂါဇာပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီ ဆက်လက်ထောက်ပံ့ပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ယခုသီတင်းပတ်အတွင်း ဂါဇာဒေသမှ နိုင်ငံတကာဝန်ထမ်းပေါင်း ၃၀ ခန့်အား ရွှေ့ပြောင်းရန် စီစဉ်ထားကြောင်း၊ ကုလသမဂ္ဂအနေဖြင့် လက်ရှိတွင် ဂါဇာဒေသ၌ နိုင်ငံတကာဝန်ထမ်း စုစုပေါင်း ၁၀၀ ခန့်ရှိကြောင်း ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဂါဇာဒေသရှိ ကုလသမဂ္ဂရုံးခန်းတစ်နေရာသည် မတ် ၁၉ ရက်တွင် အစ္စရေး၏ အမြောက်ဖြင့်တိုက်ခိုက်ခြင်းခံရ၍ ကုလသမဂ္ဂဝန်ထမ်း ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရခဲ့သည့် ကိစ္စရပ်အတွက်လည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ အဆိုပါကိစ္စရပ်အပေါ် ဘက်စုံ၊ အပြည့်အဝဖြစ်ကာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားရန် တောင်းဆိုကြောင်း ဂူတာရက်စ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂူတာရက်စ်က ဂါဇာဒေသ အပစ်အခတ်ရပ်စဲမှုအား ပြန်လည်ဖော်ဆောင်ရန်လည်း ထပ်မံအရေးပေါ် တိုက်တွန်းခဲ့ပြီး ပဋိပက္ခတွင် ပါဝင်သောသူအသီးသီးအနေဖြင့် နိုင်ငံတကာဥပဒေအား ဘက်စုံလိုက်နာရန်၊ ပြည်သူများအား လေးစား၍ ကာကွယ်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီများ တားဆီးခြင်းအား ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများအား ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် အလေးထား ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံအသီးသီးကလည်း သံတမန်ရေးနှင့် စီးပွားရေးဖိအားများပေးခြင်းဖြင့် ပဋိပက္ခဖြစ်ပွားခြင်းအား တားဆီး၍ နိုင်ငံတကာဥပဒေအပေါ် လေးစားမှုကို အာမခံရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

ဂါဇာဒေသ မြောက်ပိုင်း ဂါဇာမြို့ လူနေရပ်ကွက်တစ်နေရာတွင် အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများကြား၌ လူများက ပစ္စည်းများ ရှာဖွေနေပုံကို ၂၀၂၅ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
联合国将减少其在加沙的人员活动
新华社联合国3月24日电(记者施春)联合国秘书长古特雷斯24日通过其发言人发表声明说,因以色列恢复对加沙地带军事行动并全面切断对该地区的人道主义援助,联合国被迫减少其在加沙地带的人员活动。
古特雷斯说,过去一周,以色列对加沙地带实施毁灭性袭击,造成包括联合国工作人员在内数百名平民丧生。自3月初以来,加沙地带所有人道主义援助都被切断。为此,他决定减少联合国在加沙地带的人员活动。但联合国不会离开加沙地带,依然致力于继续为加沙民众提供人道援助。
古特雷斯发言人迪雅里克当天在记者会上表示,联合国计划本周从加沙地带撤离约30名国际工作人员,联合国目前在加沙地带共有约100名国际工作人员。
此外,古特雷斯在声明中对联合国在加沙地带一办公地点19日遭以色列炮击造成联合国工作人员1人死亡、6人受伤事件表示强烈谴责,并要求对事件进行全面、彻底和独立的调查。
古特雷斯再次紧急呼吁恢复加沙地带停火,并强调冲突各方必须始终全面遵守国际法,尊重和保护平民,停止阻碍人道援助,立即无条件释放被扣押人员。他呼吁各国通过施加外交和经济压力制止冲突,确保国际法得到尊重。(完)
图说1:2月28日,在位于纽约的联合国总部,联合国秘书长古特雷斯出席记者会。新华社发(联合国供图/曼努埃尔·伊莱亚斯摄)
图说2:3月19日,在加沙地带北部加沙城的一处社区,人们在以军袭击后的废墟中寻找物品。新华社发(里泽克·阿卜杜勒贾瓦德摄)