Connect with us

Europe

ယူကရိန်းနိုင်ငံ Sumy မြို့တွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူ ၈၈ ဦး ဒဏ်ရာရ

ယူကရိန်းနိုင်ငံ မြို့တော်ကိဗ် Shevchenkivskyi ခရိုင်တွင် Iskander ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုခံရသော ရုံးခန်းအဆောက်အဦတစ်ခုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ရုရှားစစ်တပ်သည် မတ် ၂၄ ရက် ညနေပိုင်းတွင် ယူကရိန်းနိုင်ငံ Sumy မြို့အား ဒုံးကျည်ဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူ ၈၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံ Sumy မြို့လွှတ်တော်က ထိုနေ့ညပိုင်းတွင် ၎င်းတရားဝင် ဝက်ဘ်ဆိုက်၌ သတင်းဖော်ပြခဲ့သည်။

ဒဏ်ရာရရှိသူများအနက် လူ ၇၀ သည် ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း အဆိုပါ သတင်းဖော်ပြချက်အရ သိရသည်။ တိုက်ခိုက်မှုကြောင့် Sumy မြို့၏ ဆေးရုံ၊ ပညာရေးအဖွဲ့အစည်း၊ လူနေအဆောက်အဦ၊ ရုံးခန်းအဆောက်အဦများ အပါအဝင် အဆောက်အဦ ၂၆ ခု ပျက်စီးခဲ့ပြီး အဆောက်အဦ အများအပြားတွင် ရေနှင့် သဘာဝဓာတ်ငွေ့ ပေးဝေမှုများ ပြတ်တောက်ခဲ့ရကြောင်းလည်း သိရသည်။

ယူကရိန်းနိုင်ငံ အမျိုးသားအရေးပေါ် ဝန်ဆောင်မှုဌာန၊ အမျိုးသားရဲတပ်ဖွဲ့၊ Sumy မြို့အစိုးရ သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ကြက်ခြေနီအဖွဲ့မှ ဝန်ထမ်းများက တိုက်ခိုက်မှုဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ အခင်းဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းတွင် စက်ပစ္စည်းပေါင်း ၇၀ နှင့် လူပေါင်း ၂၄၀ ကျော် ပါဝင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

————————
(Chinese Version)
乌克兰苏梅市遭导弹袭击88人受伤
新华社基辅3月24日电(记者李东旭)乌克兰苏梅市议会24日晚在其官网发布消息说,俄军当天下午对苏梅市中心发动导弹袭击,已造成88人受伤。
消息说,受伤人员中有70人在医院接受治疗。袭击造成苏梅市包括医院、教育机构、居民楼、办公大楼在内的26栋建筑受损,多座建筑供水和天然气供应中断。
乌国家紧急情况局、国家警察局、苏梅市政府有关机构和红十字会工作人员在袭击现场组织救援和清理工作。现场投入70台救援装备,240多人参与救援。(完)
图说:这是2025年1月18日拍摄的乌克兰首都基辅市舍甫琴科夫斯基区一栋遭“伊斯坎德尔”导弹袭击的办公大楼。新华社记者李东旭摄