Connect with us

North America

ဟူသီလက်နက်ကိုင်များအား လေကြောင်းတိုက်ခိုက်မည့် အစီအစဉ် ပေါက်ကြား၊ အမေရိကန် နိုင်ငံရေးနယ်ပယ်က အပြင်းအထန် ပြစ်တင်ဝေဖန်

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကို အစည်းအဝေး၌ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် “The Atlantic” အယ်ဒီတာချုပ် Jeffrey Goldberg က ၎င်းကို ယီမင်ဟူသီလက်နက်ကိုင်များအား တိုက်ခိုက်မည့် စစ်ဆင်ရေး အစီအစဉ်နှင့် စပ်လျဉ်းသည့် လျှို့ဝှက်စကားပြော group chat သို့ အမေရိကန် အမျိုးသားလုံခြုံရေး အဆင့်မြင့်အရာရှိများက ဆွဲထည့်ခဲ့ကြောင်း မတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းသည် အဆိုပါ လေကြောင်းတိုက်ခိုက်မှုအစီအစဉ်ကို အမေရိကန်စစ်တပ် စစ်ဆင်ရေးမစမီ ၂ နာရီ အလိုတွင် သိရှိခဲ့ရကြောင်း သိရသည်။ ဤလျှို့ဝှက်သတင်းပေါက်ကြားမှု သံသယက အမေရိကန် နိုင်ငံရေးပုဂ္ဂိုလ်များ၏ ပြင်းထန်သော ပြစ်တင်ဝေဖန်မှုများနှင့် စိုးရိမ်ပူပန်မှုများကို လျင်မြန်စွာ ဖြစ်ပေါ်စေခဲ့သည်။

Goldberg က မတ် ၂၄ ရက်တွင် ထုတ်ပြန်သော ဆောင်းပါးတွင် ဤအဖြစ်အပျက်ကို အသေးစိတ်ဖော်ပြခဲ့သည်။ မတ် ၁၁ ရက်တွင် ၎င်းသည် Signal ဆက်သွယ်ရေးအက်ပ်တွင် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz နှင့် အမည်တူ အသုံးပြုသူတစ်ဦးထံမှ group chat သို့ဝင်ရန် ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ၎င်းကို “Houthi PC Group” ဟုခေါ်သော လူ ၁၈ ဦးပါဝင်သော group chat တစ်ခုသို့ ဆွဲထည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Michael Waltz နှင့် အမည်တူ အသုံးပြုသူသည် လာမည့် ၇၂ နာရီအတွက် ပြင်ဆင်ထားရန် ဟူသီအရေး ညှိနှိုင်းဆောင်ရွက်မည့်အဖွဲ့ငယ်တစ်ဖွဲ့ကို ဖွဲ့စည်းလျက်ရှိကြောင်း group chat တွင် မက်ဆေ့ပို့ခဲ့သည်။ ဤကဲ့သို့ အဖွဲ့ငယ်တွင် ပုံမှန်အားဖြင့် အဆင့်အမြင့်ဆုံး အမျိုးသားလုံခြုံရေးအရာရှိအချို့ ပါဝင်သလို အမျိုးသားကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနှင့် FBI ဥက္ကဋ္ဌ စသည်တို့ ပါဝင်မည်ဟု Goldberg က ယူဆသည်။

ယီမင်ဟူသီလက်နက်ကိုင်တပ်ဖွဲ့များကို နှစ်နာရီအကြာတွင် တိုက်ခိုက်မည့် တိုက်ခိုက်မှုပစ်မှတ်များ၊ တိုက်ခိုက်မှုအစီအစဉ်နှင့် အမေရိကန်တပ်ဖြန့်မည့် လက်နက်များစသည့် အသေးစိတ် ပါဝင်သော အမေရိကန်၏ တိုက်ခိုက်ရေးအစီအစဉ်ကို group chat ထဲမှ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz နှင့် အမည်တူ အသုံးပြုသူက မတ် ၁၅ ရက်တွင် မက်ဆေ့ပို့ခဲ့ကြောင်း Goldberg က ပြောကြားခဲ့သည်။ မကြာမီတွင် ဟီမင်ဟူသီလက်နက်ကိုင်များ၏ ပစ်မှတ်အများအပြား လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသည်။

ထို့နောက် Goldberg က အဆိုပါ group chat ၏ စစ်မှန်မှုကို အဖွဲ့ထဲမှ အမေရိကန် အရာရှိ အများအပြားကို အတည်ပြုပေးရန် တောင်းဆိုခဲ့ပြီး ၎င်းအား အဘယ်ကြောင့် ဤ group chat ထဲသို့ ထည့်သွင်းထားကြောင်း မေးမြန်းခဲ့သည်။ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Brian Hughes က အဆိုပါ group chat သည် “စစ်မှန်သည့်ပုံပေါ်” ပြီး ဤအဖြစ်အပျက်ကို သုံးသပ်စစ်ဆေးနေကြောင်း၊ သို့သော် “တပ်ဖွဲ့ သို့မဟုတ် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှု မရှိကြောင်း” တုံ့ပြန်ပြောဆိုခဲ့သည်။

ဤကိစ္စနှင့် စပ်လျဉ်း၍ မတ် ၂၄ ရက်တွင် မီဒီယာများ၏ မေးမြန်းမှု၌ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က “စစ်ပွဲ အစီအစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘယ်သူမှ မပို့ခဲ့ဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ တုံ့ပြန်ချက်က ဒါအကုန်ပါပဲ” ဟု ပြောကြားခဲ့သည်။ Goldberg က “ကောလဟာလတွေ ဖြန့်နေတာပါ” ဟုလည်း ထပ်မံပြောကြားခဲ့သည်။

သမ္မတ ထရမ့်သည် အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz အပါအဝင် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့အပေါ် “ကြီးမားတဲ့ ယုံကြည်မှုရှိတယ်” ဟူ၍ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် Karoline Leavitt က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဤကိစ္စသည် အမေရိကန် နိုင်ငံရေးနယ်ပယ်ရှိပုဂ္ဂိုလ်များ၏ ပြင်းထန်သော ပြစ်တင်ဝေဖန်မှုများနှင့် စိုးရိမ်ပူပန်မှုများကို လျင်မြန်စွာ ဖြစ်ပေါ်စေခဲ့သည်။ ဤလုပ်ရပ်သည် “တရားမ၀င်” သလို “အလွန်အန္တရာယ်များသည်” မှာ သိသာထင်ရှားပြီး အမေရိကန် အမျိုးသားလုံခြုံရေးသည် ကျွမ်းကျင်သူမဟုတ်သောသူများ၏လက်ထဲတွင် ရှိနေကြောင်း၊ “နောက်ထပ် ဒီလိုထိလွယ်ရှလွယ်လွန်းသော အမျိုးသားလုံခြုံရေး ဆွေးနွေးမှုတွေကို group chat ထဲမှာ ဆွေးနွေးတာ ရှိသေးလား။ တခြားကျပန်းလူတွေကို ဒီအဖွဲ့ထဲမှာ မတော်တဆ ထည့်သွင်းခံရတာတွေ ရှိသေးလား” ဟူ၍ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

အကယ်၍ ဤဖြစ်ရပ်သာ မှန်ကန်လျှင် ယင်းမှာ မိမိ မြင်တွေ့ဖူးသမျှ အဆိုးရွားဆုံးသော လုံခြုံရေး မှားယွင်းမှုများအနက် တစ်ခုဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ စစ်ရေးလှုပ်ရှားမှုများကို အလွန်အမင်းသတိပြု ကိုင်တွယ်ရန် လိုအပ်ပြီး အတည်ပြုထားသော လုံခြုံသည့် ဆက်သွယ်ရေးလိုင်းများကို အသုံးပြုရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အမေရိကန်နိုင်ငံသားများ၏ အသက်အန္တရာယ်မှာ စိုးရိမ်စရာဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော် စစ်ရေးကော်မတီ၏ ဒီမိုကရက်တစ်ပါတီဝင် Jack Reed က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ “သမ္မတ ထရမ့်ရဲ့ အစိုးရအဖွဲ့က ပြသတဲ့ သတိလက်လွတ်နိုင်မှုက ‘လူကိုထိတ်လန့်စေပြီး အန္တရာယ်များ’တယ်၊ ‘ကျွန်တော် အစိုးရဆီက ရှင်းလင်းချက် ချက်ချင်းရယူမယ်’” ဟု Reed က ပြောကြားခဲ့သည်။

ဤလုပ်ရပ်သည် “ကျွမ်းကျင်မှုမရှိတဲ့ လုပ်ရပ်ပဲ” ၊ “ဒီလို လုံခြုံရေး ယိုပေါက်မျိုးက လူတွေရဲ့ အသက်ကို ဆုံးရှုံးစေကာ အမျိုးသားလုံခြုံရေးကို ကျဉ်းထဲကျပ်ထဲသို့ ကျရောက်စေတယ်။ ဒီလူတွေဟာ ဒီအလုပ်အတွက် အရည်အချင်းမပြည့်မီဘူးဆိုတာ သိသာပါတယ်” ဟု အမေရိကန် အထက်လွှတ်တော် လူနည်းစုပါတီခေါင်းဆောင်၊ ဒီမိုကရက်တစ်အဖွဲ့ဝင် Chuck Schumer က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ် ဖြစ်ပွားရခြင်း၏ အကြောင်းရင်းနှင့် အကျိုးဆက်များကို ဘက်စုံ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းသွားမည်ဟုလည်း ဆိုခဲ့သည်။ (xinhua)
………………………..
(Chinese Version)
空袭胡塞武装计划疑泄密 遭美国政界痛批
新华社华盛顿3月24日电(记者熊茂伶)美国《大西洋》月刊总编辑杰弗里·戈德堡24日表示,美国国家安全高层官员把他拉入一个关于打击也门胡塞武装作战计划的涉密群聊。他在美军行动两小时前得知了这一空袭计划。这起疑似泄密事件迅速引发美国政界人士的强烈指责与担忧。
戈德堡24日发表文章详细叙述了事件经过。他说,11日,他在通讯应用Signal中收到与美国总统国家安全事务助理迈克尔·华尔兹同名的用户入群邀请。后来,他被加入一个名为“胡塞PC小组”的18人群聊中。
与华尔兹同名的用户在群里发布消息称,正在组建一个协调胡塞问题的小组,为接下来的72小时做准备。戈德堡认为,这类小组通常包括一些最高级别的国家安全官员,包括国防部长、国务卿、财政部长以及中央情报局局长等。
戈德堡说,15日,群聊中与美国国防部长赫格塞思同名的用户发来消息,透露了美国即将在两小时后对也门胡塞武装进行打击的作战计划,包括攻击目标、攻击顺序及美方将部署的武器等细节。稍后,也门胡塞武装多个目标遭到空袭。
事后,戈德堡向群里多名美方官员求证群聊的真实性,并询问为何将自己拉入群聊等问题。白宫国家安全委员会发言人布赖恩·休斯回应说,这个群聊“似乎是真实的”,并表示正在审查这起事件,但“部队或国家安全没有受到威胁”。
美国国防部长赫格塞思24日被媒体问及此事时称,“没有人发战争计划的信息,这就是我对此事的全部回应。”他还称戈德堡“散布谣言”。
白宫新闻秘书莱维特在一份声明中表示,特朗普总统继续对他的国家安全团队“充满极大的信任,包括国家安全事务助理迈克尔·华尔兹”。
此事迅速引发美国政界人士的强烈指责与担忧。马萨诸塞州联邦参议员伊丽莎白·沃伦在社交媒体上称,这一操作显然是“非法”且“危险至极的”,美国国家安全掌握在业余人士手中。“还有哪些高度敏感的国家安全对话是在群聊中进行的?是否还有其他随机的人被意外拉入其中?”
美国国会参议院军事委员会民主党成员杰克·里德在一份声明中说,如果此事属实,这将是自己所见过最严重的安全失误之一。军事行动需要极其谨慎地处理,使用经过批准的安全通讯线路,否则美国人的性命岌岌可危。里德说,“特朗普总统内阁表现出的粗心大意‘令人震惊且危险’‘我将立即向政府寻求解释’”。
美国国会参议院少数党领袖、民主党人舒默在社交媒体上发文称此举是“业余行为”,“这种安全漏洞将导致人员丧生、国家安全陷入危机,这些人显然不能胜任这份工作”。舒默敦促对事发原因及其后果进行全面调查。(完)
图说:2月13日,在比利时布鲁塞尔,美国国防部长赫格塞思在会议现场。新华社记者彭子洋摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.