Europe
နယ်မြေပိုင်နက်နှင့်စပ်လျဉ်း၍ မည်သည့် သဘောတူညီချက်မျှ မရရှိဟု ဇယ်လန်းစကီး ပြောကြား

ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
နယ်မြေပိုင်နက်နှင့်စပ်လျဉ်း၍ ယူကရိန်းဘက်က အမေရိကန်၊ ရုရှားနှင့် မည်သည့်သဘောတူညီချက်မျှ မရရှိခဲ့ကြောင်း၊ လတ်တလောတွင် အပစ်အခတ်ရပ်စဲရေး အသေးစိတ်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲအသစ်တစ်ဖန် ကျင်းပရန် အမေရိကန်ဘက်က သဘောတူညီခဲ့ကြောင်း ဇယ်လန်းစကီးက မတ် ၂၅ ရက် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု Interfax-Ukraine သတင်းအေဂျင်စီက ယင်းနေ့ညပိုင်းတွင် ဖော်ပြခဲ့သည်။
ရုရှားနှင့် ဆွေးနွေးရန် “အခက်အခဲဆုံးကိစ္စရပ်” နှစ်ခုရှိရာ ၎င်းတို့မှာ နယ်မြေပိုင်နက်နှင့် ဘက်စုံအပစ်အခတ်ရပ်စဲရေး ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ တွေ့ဆုံဆွေးနွေးသည့် ကာလတွင် ယူကရိန်း-အမေရိကန် ကိုယ်စားလှယ်အဖွဲ့များက နယ်မြေပိုင်နက်အရေးကိစ္စ မဆွေးနွေးခဲ့သော်လည်း အမေရိကန်-ရုရှား ကိုယ်စားလှယ်အဖွဲ့များက ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
新华简讯|泽连斯基:没有就领土问题达成任何共识
新华社基辅3月25日电 据乌克兰国际文传电讯社25日晚报道,乌克兰总统泽连斯基当天在会见媒体时说,乌方没有就领土问题与美国和俄罗斯达成任何共识,美方同意将于近期就停火细节举行新一轮会谈。
泽连斯基说,与俄方谈判“最艰难的问题”有两个,即领土问题和全面停火问题。在沙特阿拉伯首都利雅得会谈期间,乌美代表团没有讨论领土问题,但他认为美俄代表团可能就此进行了讨论。(完)
1. 3月10日,乌克兰总统泽连斯基抵达沙特阿拉伯的吉达市。 新华社发(沙特通讯社供图)