North America
Group Chat မှတစ်ဆင့် စစ်ဆင်ရေးအစီအစဉ် လျှို့ဝှက်ချက်ပေါက်ကြားမှုကို တာဝန်ယူမည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဆို

ဝါရှင်တန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz က အမေရိကန်မီဒီယာသမားအား စစ်ဆင်ရေးအစီအစဉ် လျှို့ဝှက်ဆွေးနွေးသော group Chat သို့ “တမင်တကာ” ထည့်သွင်းခဲ့သည်ကို ငြင်းဆိုခဲ့သော်လည်း ယင်းကိစ္စအတွက် ၎င်းတွင် တာဝန်အပြည့်အဝရှိကြောင်း မတ် ၂၅ ရက်တွင် အမေရိကန် Fox ရုပ်သံလိုင်း၏ မေးမြန်းခန်း၌ ပြောကြားခဲ့သည်။
Michael Waltz က “တာဝန်အားလုံးက ကျွန်တော်ဆီမှာပါ။ ကျွန်တော် group Chat ဖွဲ့လိုက်တာပါ။ ကိစ္စရပ်အားလုံးကို သေချာအောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့က ကျွန်တော့်တာဝန်ပါ” ဟု မေးမြန်ခန်းတွင် ပြောကြားခဲ့သည်။ ၎င်းက အမေရိကန် “The Atlantic” အယ်ဒီတာချုပ် Jeffrey Goldberg အား group Chat သို့ “တမင်တကာ” ထည့်သွင်းခဲ့သည်ကို ငြင်းဆိုခဲ့ပြီး group Chat ဆော့ဖ်ဝဲလ်တွင် Goldberg ကို “ကြည့်ရတာ တခြားသူနဲ့တူတယ်” ဟု ပြောကြားသည်။ တစ်ချိန်တည်းမှာပင် Waltz က Goldberg ကို မသိကြောင်းလည်း ပြောကြားခဲ့သည်။
Goldberg က ၎င်းကို တိုက်ခိုက်မှုပစ်မှတ်များ၊ တိုက်ခိုက်မှုအစီအစဉ်နှင့် အမေရိကန်တပ်ဖြန့်ကြက်မည့် လက်နက်များစသည့် အကြောင်းအရာ အသေးစိတ်ပါဝင်သော ယီမင်ဟူသီလက်နက်ကိုင်များအား တိုက်ခိုက်မည့် စစ်ဆင်ရေး အစီအစဉ်နှင့် စပ်လျဉ်းသည့် လျှို့ဝှက်ဆွေးနွေးသော group chat သို့ အမေရိကန် အမျိုးသားလုံခြုံရေး အဆင့်မြင့် အရာရှိတစ်ဦးက ထည့်သွင်းခဲ့ကြောင်း မတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဤဖြစ်ရပ်သည် အမေရိကန်ရှိ အလွှာပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်များ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုများကိုလည်း ခံခဲ့ရသည်။ အမေရိကန်သမ္မတ ထရမ့် က ၎င်းအနေဖြင့် Waltz ကို ရာထူးမှထုတ်ပစ်ရန်အစီအစဉ်မရှိကြောင်း၊ Waltz သည် “လူကောင်းတစ်ယောက်” ဖြစ်ပြီး ဤဖြစ်ရပ်က တိုက်ခိုက်ရေးလှုပ်ရှားမှုတွင် “သက်ရောက်မှုမရှိ” ခဲ့ကြောင်း မတ် ၂၅ ရက် မီဒီယာများ၏ မေးမြန်းခန်း၌ ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် ဂရိလွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော အမေရိကန်သမ္မတ ထရမ့်အား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………..
(Chinese Version)
美总统国家安全事务助理:对作战计划群聊泄密事件负责
新华社华盛顿3月25日电 美国总统国家安全事务助理迈克尔·华尔兹25日接受美国福克斯电视台采访时,否认他“故意”将美国媒体人员拉入作战计划的涉密群聊,但他表示自己对此事负有全部责任。
迈克尔·华尔兹在采访中说:“全部责任都在我。我组建了群聊,我的职责是确保协调好所有事宜。”他否认“故意”将美国《大西洋》月刊总编辑杰弗里·戈德堡拉入群聊,称戈德堡在群聊软件上“看上去像是别人”。华尔兹同时表示,自己并不认识戈德堡。
戈德堡24日说,美国国家安全高层官员把他拉入一个关于打击也门胡塞武装作战计划的涉密群聊,内容涉及攻击目标、攻击顺序及美方将部署的武器等细节。
这一事件引发美国各界广泛关注和民主党议员强烈批评。25日,美国总统特朗普在接受媒体采访时说,他不打算解雇华尔兹,华尔兹是个“好人”,这一事件对作战行动“没有影响”。(完)
图说1:2月13日,在比利时布鲁塞尔,美国国防部长赫格塞思在会议现场。新华社记者彭子洋摄
图说2:3月24日,美国总统特朗普在华盛顿白宫出席庆祝希腊独立日活动。新华社记者 胡友松 摄