Africa & Middle East
အစ္စရေး ချက်ချင်းအပစ်အခတ်ရပ်စဲရန် အီဂျစ်နှင့် စပိန်နိုင်ငံခေါင်းဆောင်များ တိုက်တွန်း

ကိုင်ရို၊ မတ် ၂၆ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီနှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်တို့သည် မတ် ၂၅ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ရာ နှစ်ဖက်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အစ္စရေးအား ချက်ချင်း အပစ်အခတ်ရပ်စဲရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
အစ္စရေးအနေဖြင့် ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ ဂါဇာကမ်းမြောင်ဒေသတွင် မြေပြင်လှုပ်ရှားမှုများ ရပ်တန့်ရန်၊ ဂါဇာကမ်းမြောင်ဒေသအပေါ် အရေးကြီး လူသားချင်းစာနာမှု အကူအညီပစ္စည်းများ ထောက်ပံ့ပေးရန် နှစ်နိုင်ငံခေါင်းဆောင်များက တိုက်တွန်းကြောင်း အီဂျစ်နိုင်ငံ သမ္မတရုံးက ထိုနေ့တွင် ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။
“နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်း” အား အကောင်အထည်ဖော်ခြင်းသည် အရှေ့အလယ်ပိုင်းပြည်သူများ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်ရန် တစ်ခုတည်းသော အာမခံချက်ဖြစ်သည်ဟု ကြေညာချက်က ဆိုထားသည်။
ထို့ပြင် နှစ်ဖက်က ဆီးရီးယားနှင့် လက်ဘနွန်အခြေအနေများလည်း ဆွေးနွေးခဲ့ပြီး ဆီးရီးယားနှင့် လက်ဘနွန် တည်ငြိမ်မှု၊ ပေါင်းစည်းမှုနှင့် ပိုင်နက်မြေပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်း၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့ကြသည်။
ဟားမက်စ်ဘက်က အမေရိကန် အဆိုပြုသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား သက်တမ်းတိုးရန်၊ ဖမ်းဆီးထိန်းသိမ်းထားသူများအား ပြန်လွှတ်ပေးရန်တို့အား ငြင်းဆန်သည်ဟူသော အကြောင်းပြချက်ဖြင့် အစ္စရေးက ယခုလ ၁၈ ရက်တွင် ဂါဇာဒေသအပေါ် အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ခဲ့ရာ ပါလက်စတိုင်းဘက်တွင် လူအများအပြား သေဆုံးဒဏ်ရာရမှုဖြစ်စေခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia မြို့မှ ထွက်ခွာလာကြသော ပါလက်စတိုင်းပြည်သူများ ဂါဇာမြို့မှ ဖြတ်သန်းသွားကြသည်ကို မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
埃及和西班牙领导人敦促以色列立即停火
新华社开罗3月25日电(记者董修竹)埃及总统塞西与西班牙首相桑切斯25日通电话,双方表示坚决反对以色列在加沙地带的军事行动,并敦促以色列立即停火。
埃及总统府当天在一份声明中说,两国领导人敦促以色列立即停火,结束对加沙地带的地面行动,向加沙地带提供紧急人道主义援助物资。声明说,落实“两国方案”是实现中东人民安全与稳定的唯一保证。
此外,双方还讨论了叙利亚和黎巴嫩局势,强调维护叙利亚和黎巴嫩稳定、统一和领土完整的重要性。
以色列本月18日以哈马斯方面拒绝美方提出的延长停火协议、释放被扣押人员为由,恢复对加沙地带大规模空袭及地面行动,导致巴勒斯坦方面重大人员伤亡。(完)
图说1:3月19日,在加沙地带北部加沙城的一处社区,人们在以军袭击后的废墟中搜寻。新华社发(里泽克·阿卜杜勒贾瓦德摄)
图说2:3月22日,从加沙地带北部拜特拉希耶撤离的巴勒斯坦民众经过加沙城。 新华社发(阿卜杜勒·拉赫曼·萨拉马摄)