Connect with us

China

လှပသော ကျေးလက်ဒေသတွင် “နွေဦးပန်းများပွင့်လန်းပွဲ” စတင်

ဟွားထျန်မေတိ ရှုခင်းသာနေရာတွင် ချယ်ရီပန်းများ၏ ညချမ်းအလှကို ရှုစားနေကြသော ခရီးသွားဧည့်သည်များအား မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူရိ (ကျဲ့ကျန်း)၊ မတ် ၂၆ ရက် (ဆင်ဟွာ)
မတ်လရောက်ရှိချိန်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ ကျင်းဟွာမြို့၊ ဝူရိခရိုင်၊ ဝမ်ကျိုင်မြို့နယ်ရှိ ဟွားထျန်မေတိ ရှုခင်းသာနေရာတွင် နွေဦးပန်းများ ပွင့်လန်းလျက်ရှိသည်။ ထိုရှုခင်းသာနေရာတွင် နွေဦးပန်းများပွင့်ပွဲ စတင်ခဲ့ပြီး နွေဦးပန်းများ ရှုစားခြင်း၊ မီးရှူးမီးပန်း ဖျော်ဖြေပွဲများနှင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် လက်မှုပစ္စည်းများစသည့် အဓိကအစီအစဉ် ကျင်းပလျက်ရှိသည်။

ဟွားထျန်မေတိ ရှုခင်းသာနေရာသည် ကျင်းဟွာမြို့၊ ဝူရိခရိုင်၊ ဝမ်ကျိုင်မြို့နယ်၏ တမူထူးခြားသော ကျေးလက်ခရီးသွားလုပ်ငန်းစီမံကိန်းဖြစ်ပြီး တောင်ပေါ် လက်ဖက်ခင်းများ၊ ပန်းပင်လယ်၊ မြစ်ရေကန်များက ရာသီဥတုလေးပါးလုံး ကျေးလက်ရှုခင်းများကို ဖန်တီးပေးကာ အနီးနားကျေးရွာများရှိ အရပ်သူအရပ်သားများအတွက်လည်း အလုပ်အကိုင်များ ဆောင်ကြဉ်းပေးသည်။ (Xinhua)

ဟွားထျန်မေတိ ရှုခင်းသာနေရာတွင် မီးရှူးမီးပန်းပြပွဲ ရှုစားနေကြသော ခရီးသွားဧည့်သည်များအား မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


…………….
(Chinese Version)
美丽乡村开启“春日花朝节”
新华社照片,武义(浙江),2025年3月26日
进入三月,位于浙江省金华市武义县王宅镇的花田美地景区春花盛开,景区开启春日花朝节,举行春日赏花、烟花表演、非遗手作等主题活动。花田美地景区是金华市武义县王宅镇的特色乡村旅游项目,依托茶山、花海、河塘打造四季田园美景,也带动了周边乡村百姓的就业。
图说1:3月25日,游客在花田美地景区观赏夜色中的樱花林。 新华社记者 徐昱 摄
图说2:3月25日,游客在花田美地景区观赏烟花秀。新华社记者 徐昱 摄