China
မြန်မာနိုင်ငံ ပြင်းထန်စွာငလျင်ဒဏ်သင့်သော မန္တလေးသို့ ရောက်ရှိချိန်

မန္တလေး၊ မြန်မာ၊ မတ် ၂၉ ရက် (ဆင်ဟွာ)
“မန္တလေးမြို့မှ ကြိုဆိုပါသည်” ဟူသော ဆိုင်းဘုတ်သည် လမ်းမဘေးတွင် မားမားမတ်မတ် တည်ရှိနေသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့၊ ယခုအကြိမ် ငလျင်ဒဏ်သင့်မှု အဆိုရွားဆုံး ဒေသများအနက် တစ်ခုလည်းဖြစ်သည့် မန္တလေးမြို့ပင်ဖြစ်သည်။
ဒေသစံတော်ချိန် မတ် ၂၉ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဆင်ဟွာသတင်းထောက်က ၁၄ နာရီကြာ ကားမောင်းပြီးနောက် ငလျင်ဗဟိုချက် အနီးတစ်ဝိုက်ရှိ မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်။
မြို့တွင်းသို့ ဝင်ရောက်သွားရာတွင် ပြိုလဲနေသောအိမ်အများအပြားကို တွေ့မြင်လိုက်ရပြီး အချို့သောလမ်းများကမူ ပိတ်ဆို့ထားသည်။ မြေတူးစက်များက ပြိုလဲနေသောအိမ်များအကြားတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ မိုဘိုင်းအင်တာနက်လိုင်းများ အားနည်းနေပြီး အချို့နေရာများတွင် လုံးဝလိုင်းမမိမှုများပင်ရှိသည်
။
မန္တလေးမြို့သည် ငလျင်ဒဏ်သင့်မှု ပြင်းထန်လှသည်။ သတင်းထောက်က တွေ့ဆုံမေးမြန်းမှုများ လုပ်ဆောင်နေစဉ်အတွင်း မြို့ထဲဖြတ်သန်းသွားလာနေသော လူနာတင်ယာဉ်များကို မကြာခဏ တွေ့မြင်နေရသည်။
တွေ့ဆုံမေးမြန်းမှုကိုဖြေကြားသည့် ဒေသခံများက ပြိုလဲနေသောအိမ်များထဲတွင် ၎င်းတို့၏ အိမ်နီးချင်းများလည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် လျှပ်စစ်မီးနှင့် ရေပေးဝေမှု ပြန်လည်လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ နေထိုင်မှု အခက်အခဲကြုံနေရသည်ဟုလည်း ၎င်းတို့က ဆိုသည်။
ယခုအကြိမ်ငလျင်သည် ဒေသစံတော်ချိန် မတ် ၂၈ ရက် မွန်းလွဲပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအထိ တစ်နိုင်ငံလုံး၌ ငလျင်ဒဏ်သင့်မှုကြောင့် သေဆုံးသူ ၁,၀၀၂ ဦး၊ ဒဏ်ရာရရှိသူ ၂,၃၇၆ ဦးနှင့် ပျောက်ဆုံး ၃၀ ဦးရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
သတင်းထောက်သည် မတ် ၂၈ ရက် ညပိုင်းတွင် ရန်ကုန်မှ ကားဖြင့်ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မှ နေပြည်တော်နှင့် မန္တလေးသို့ သွားရောက်နိုင်သော အမြန်လမ်း တစ်လမ်းသာရှိပြီး ၁၁၅ မိုင် (၁၈၅ ကီလိုမီတာခန့်) ဆိုင်းဘုတ်နေရာရှိ တိုးလ်ဂိတ်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းသို့ လမ်းကြောင်းပြောင်းမောင်းနှင်ခဲ့ရသည်။
မြောက်ဘက်ခြမ်းသို့ရောက်လေ လမ်းမပြင်နှင့် တံတားများ ကွဲအက်ပျက်စီးသည့် နေရာပိုမိုများပြားလာလေဖြစ်ပြီး ပိုမိုဆိုးရွားလာသည်ကို တွေ့မြင်ရသည်။ ကားမောင်းနှင်မှု အမြန်နှုန်းအပေါ်လည်း သက်ရောက်မှုရှိပြီး အချို့သောလမ်းပိုင်းများတွင် နှစ်လမ်းသွားလမ်းကို တစ်လမ်းသွားအဖြစ် ပေါင်းထားရမှုများလည်းရှိသည်။
ငလျင်ကြောင့် လမ်းပျက်၍ တစ်စောင်း မှောက်လဲနေသော ပို့ဆောင်ရေးယာဉ်၊ လမ်းမဘေးက ပြိုလဲကျနေသော အိမ်အချို့၊ ဆီဆိုင်၌ ဆီဖြည့်ရန် တန်းစီနေသော ကားတန်းများကို တွေ့မြင်ခဲ့ရသည်။ လမ်းဘေးတွင် ပြိုလဲနေသော အိမ်တစ်အိမ်ဘေး၌ ပြည်သူအများအပြား စုဝေးနေသည်ကိုလည်း တွေ့မြင်လိုက်ရသဖြင့် အထဲတွင်ပိတ်မိနေသူရှိသည်ဟု မှန်းဆရသည်။
လမ်းတစ်လျှောက် လယ်ကွင်းများအကြား ကောက်စိုက်နေသော တောင်သူများရှိသလို ပုံမှန်ဖွင့်လှစ်နေသည့် ဟင်းသီးဟင်းရွက်ဈေးများလည်းရှိနေသည်။ ဘဝသည် ရှေ့ဆက်ရဦးမည်သာဖြစ်လေသည်။ (Xinhua)

မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ကယ်ဆယ်ရေးလုပ်ငန်းခွင်နေရာ မြင်ကွင်းကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ကယ်ဆယ်ရေးလုပ်ငန်းခွင်နေရာ မြင်ကွင်းကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
现场直击|抵进缅甸地震重灾区曼德勒
新华社缅甸曼德勒3月29日电 现场直击|抵进缅甸地震重灾区曼德勒 新华社记者张东强 “欢迎来到曼德勒”,一块标志牌竖立在公路旁,这里便是缅甸第二大城市,也是此次地震受灾最严重的地区之一。
当地时间29日上午10时许,新华社记者驱车14小时,抵达了邻近震中的曼德勒市。
进入市区,记者看到很多房屋倒塌,部分道路被封锁。有挖掘机正在倒塌房屋中开展救援工作。移动网络信号微弱且不稳定,许多地方完全没有信号。 曼德勒市受灾严重。记者在采访中不时看到,救护车穿梭于城中。受访的当地居民说,他们有邻居被埋在倒塌的房屋中。他们还说,目前水电供应仍未恢复,生活不便。 此次地震发生在当地时间28日中午。缅甸国家管理委员会29日说,截至目前,全国地震死亡人数为1002人,受伤人数为2376人,失踪30人。
记者是28日晚驱车从仰光出发的。仰光通往内比都和曼德勒只有一条高速公路,在115英里(约185公里)路牌处的收费站转到仰光-曼德勒老公路。
越往北走,记者发现公路路面和桥梁受损开裂的地方越多、越严重,车速受到影响,部分路段由双向车道合并成一条车道。记者看到,有一辆运输车因地震路面变形而侧翻,部分路边房屋倒塌,加油站有车辆排队加油。记者还看到,路边倒塌的一栋房屋旁聚集了很多民众,猜测是有人被困在里面。
一路上,有农民在田间劳作,有菜市场正常营业,生活还得继续。(完)
图说:这是3月29日在缅甸曼德勒拍摄的救援现场。新华社发(觉辛吞摄)