Europe
အချို့သော ဥရောပနိုင်ငံများက ရုရှား-ယူကရိန်း ပဋိပက္ခ ဆက်လက်ဖြစ်ပွားရန် မျှော်လင့်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဆို

မော်စကို၊ မတ် ၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်သည် မတ် ၂ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ရုရှားမီဒီယာ၏ မေးမြန်းမှုကိုဖြေကြားသည့် ဗီဒီယိုထုတ်ပြန်ခဲ့သည်။ Sergey Lavrov က မေးမြန်းမှုကို ဖြေကြားရာ၌ အချို့သော ဥရောပနိုင်ငံများက ရုရှား-ယူကရိန်း ပဋိပက္ခ ဆက်လက်ဖြစ်ပွားရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခအား အဆုံးသတ်ရန် မျှော်လင့်ကြောင်း အမေရိကန်က အတိအလင်း ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် အချို့သော ဥရောပနိုင်ငံများကမူ စစ်ပွဲပုံစံဖြင့် “ပွဲဆက်ရန်” မျှော်လင့်နေကြောင်း၊ အဆိုပါနိုင်ငံများက ငြိမ်းချမ်းရေးကို တားဆီးနေကြောင်း၊ ယခုနှစ်တွင် ယူကရိန်းထံ လက်နက်အများအပြား ထောက်ပံ့သွားမည်ဟုပင် ဗြိတိန်က ပြောကြားထားကြောင်း Sergey Lavrov က ဆိုခဲ့သည်။
အချို့သော ဥရောပနိုင်ငံများက ယူကရိန်းထံ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ စေလွှတ်မည့် စိတ်ကူးနှင့် စပ်လျဉ်း၍ Sergey Lavrov က ရုရှားအတွက်ဆိုရလျှင် ဥရောပ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ ယူကရိန်း၌ ပေါ်ထွက်လာခြင်းသည် ယူကရိန်းအကျပ်အတည်း ဖြစ်ပွားရသည့် အရင်းအမြစ် ပျောက်ဆုံးသွားမည် မဟုတ်ဟု ဆိုလိုနေကြောင်း ဖြေကြားခဲ့သည်။
ရုရှား-အမေရိကန်ဆက်ဆံရေးနှင့် စပ်လျဉ်း၍ Sergey Lavrov က ရုရှား-အမေရိကန် နှစ်နိုင်ငံသည် “နိုင်ငံတကာ အရေးကိစ္စတိုင်းမှာ ရာသက်ပန် တစ်ပြေးညီအမြင် မရှိနိုင်ပါဘူး၊ အမေရိကန်ကလည်း ဒါကို ဝန်ခံထားပါတယ်” ဟုဆိုသည်။ သို့သော် “တစ်ဖက်မှာက ဘုံအကျိုးစီးပွားရှိနေချိန် အပြန်အလှန် အကျိုးဖြစ်ထွန်းတဲ့ရလဒ်ရရှိဖို့ လက်တွေ့လှုပ်ရှားမှု မလုပ်ဆောင်တာက ရူးမိုက်ပါတယ်။ အခြားတစ်ဖက်မှာက ကွဲလွဲမှုများရှိနေချိန်မှာ တာဝန်သိစိတ်ရှိတဲ့ နိုင်ငံကြီးက ဒီလိုကွဲလွဲမှုကြောင့် စစ်ပွဲမဖြစ်ပွားအောင် အာမခံပေးဖို့ တာဝန်ရှိတယ်” ဟုလည်း နှစ်ဖက်လုံးက ဝန်ခံထားသည်ဟု ၎င်းကဆိုသည်။
ရုရှား-အမေရိကန် နှစ်ဖက်က တွေ့ဆုံဆွေးနွေးရာတွင် အခြားတစ်ဖက်ထံသို့ အမိန့်ပေးခြင်းမဟုတ်ဘဲ “အလေးအနက်ထားတဲ့ နိုင်ငံနှစ်နိုင်ငံက ထိုင်ပြီး ဘယ်နေရာမှာ ပြဿနာဖြစ်နေလဲဆိုတာကို ဆွေးနွေးတာ” ပင်ဖြစ်ကြောင်း၊ တာဝန်သိစိတ်ရှိသော မည်သည့်နိုင်ငံ နှစ်နိုင်ငံကြားဆက်ဆံရေးမဆို ထိုကဲ့သို့ပုံစံကို ကျင့်သုံးသင့်ကြောင်း Sergey Lavrov က ပြောကြားခဲ့သည်။
ရုရှား-အမေရိကန် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက် သံတမန်များ ပုံမှန်ပြန်လည်ဆက်သွယ်ရေးနှင့် ရုရှား-ယူကရိန်း ပဋိပက္ခ ဆောလျင်စွာ အဆုံးသတ်ရေးတို့နှင့်စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
俄外长称部分欧洲国家希望俄乌冲突延续
新华社莫斯科3月2日电(记者赵冰)俄罗斯外交部网站2日发布了该国外长拉夫罗夫接受俄媒采访的视频片段。拉夫罗夫在采访中表示,部分欧洲国家希望俄乌冲突延续。
拉夫罗夫说,美国明确表示希望结束俄乌冲突,但一些欧洲国家却希望以战争形式“继续盛宴”,这些国家正在阻止和平,英国还声称今年将向乌克兰提供大量武器。
关于部分欧洲国家计划向乌克兰派遣维和部队的设想,拉夫罗夫表示,对俄罗斯而言,欧洲维和部队出现在乌克兰,意味着乌克兰危机产生的根源将不会消失。
谈及俄美关系时,拉夫罗夫说,俄美两国“永远不可能在每一个国际问题上都保持一致看法,美方也承认这一点”。但双方承认,“一方面,存在共同利益时,不采取务实行动并寻求互利结果是愚蠢的;另一方面,存在不一致时,负责任大国有义务确保这种不一致不会导致战争”。拉夫罗夫表示,俄美双方在会谈中不是向对方发号施令,而是“两个严肃的国家坐下来讨论哪里出现了问题”。他说,任何负责任的两个国家之间的关系都应采取这种模式。
2月18日,俄美两国代表团在沙特阿拉伯首都利雅得举行会谈,就恢复双方外交使团正常运作和尽快结束俄乌冲突等达成共识。(完)
图说:1月14日,在俄罗斯首都莫斯科,俄外长拉夫罗夫出席年度记者会。新华社记者 白雪骐 摄