Asia
မြန်မာနှင့် ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုများအတွက် အရေးပေါ်တုံ့ပြန်ရေးယန္တရားစတင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူ

ကွာလာလမ်ပူ၊ မတ် ၃၁ ရက် (ဆင်ဟွာ)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မတ် ၃၀ ရက်တွင် အရေးပေါ်ဗီဒီယိုအစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ ဒေသအများအပြား၌ ဖြစ်ပွားခဲ့သော ငလျင်အတွက် ညှိနှိုင်းလုပ်ဆောင်မှုများ မြှင့်တင်ရန် အရေးပေါ်တုံ့ပြန်ရေးယန္တရား စတင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ယခုအကြိမ်အစည်းအဝေးကို ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ၊ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ကြီးမှူးကျင်းပခဲ့ပြီး အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများ သို့မဟုတ် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကာ အာဆီယံအတွင်းရေးမှူးချုပ်၊ အရှေ့တီမောနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က အကဲခတ်သူအနေဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးကျင်းပပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်အရ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအပေါ် ပံ့ပိုးအားပေးမှုအား ထပ်မံအလေးထားပြောကြားခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှု အကူအညီများ တစ်ဆင့်တိုး ထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။
အစည်းအဝေးက အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ ဖြန့်ကြက်နေရာချထားရန်၊ အာဆီယံ သဘာဝဘေးအန္တရာယ် အရေးပေါ် ကုန်စည်စီးဆင်းမှုစနစ် အသုံးပြုရန်၊ အာဆီယံ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းမှုစင်တာ (AHA Center) မှ တစ်ပြေးညီ ညှိနှိုင်းလုပ်ဆောင်၍ အာဆီယံအတွင်းရေးမှူးချုပ်မှ နောက်ဆုံးတိုးတက်မှုအခြေအနေအား ပုံမှန်ထုတ်ပြန်ပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။
မတ် ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ၇.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူသေဆုံးဒဏ်ရာရမှုနှင့် ပိုင်ဆိုင်မှုပစ္စည်း ဆုံးရှုံးမှုများ အများအပြားဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံ စသည့် နိုင်ငံများတွင်လည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို သိသိသာသာခံစားခဲ့ကြရပြီး မတူညီသော အတိုင်းအတာအလျောက် လူထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
东盟外长同意启动紧急响应机制应对缅泰地震
新华社吉隆坡3月30日电(记者王嘉伟 毛鹏飞)东盟国家外交部长30日召开紧急视频会议,同意启动紧急响应机制,就共同应对缅甸、泰国多地发生的地震加强协调。
本次会议由2025年东盟轮值主席国马来西亚外长穆罕默德主持,东盟各国外长或代表出席,东盟秘书长、东帝汶外长以观察员身份参会。
根据会后发布的声明,东盟各国外长重申对缅甸、泰国的支持,承诺向受灾地区提供进一步人道主义援助。会议同意部署东盟紧急响应和评估小组,启用东盟灾害紧急物流系统,并由东盟人道主义救援协调中心统一协调,东盟秘书长将定期通报最新进展。
缅甸28日发生7.9级地震,造成重大人员伤亡和财产损失。毗邻缅甸的泰国等多地均有强烈震感,并有不同程度人员伤亡。(完)