Connect with us

North America

ယူကရိန်းဘက်က ငြိမ်းချမ်းရေးသဘောထားအမှန် မပြမချင်း ယူကရိန်းအပေါ် စစ်ရေးအကူအညီများ အမေရိကန် ယာယီရပ်တန့် ဟု အမေရိကန်မီဒီယာ ဖော်ပြ

ယူကရိန်း သမ္မတ ဇယ်လန်းစကီး နှင့် အမေရိကန် သမ္မတ ထရမ့်တို့အား ပေါင်းစပ်ထားသောဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ Agence France-Presse )

ဝါရှင်တန်၊ မတ်လ ၄ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်သည် ၎င်းအနေဖြင့် ယူကရိန်းခေါင်းဆောင်က “ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် သဘောထားအမှန်” မပြမချင်း အမေရိကန်၏ ယူကရိန်းအပေါ် စစ်ရေး အကူအညီများကို ယာယီရပ်တန့်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်ကို အမေရိကန်မီဒီယာ၏ မတ် ၃ ရက် သတင်းအရ သိရသည်။

ထရမ့်မှ အဆိုပြုခဲ့ပြီး အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဖော်ဆောင်သည့် ဤအမိန့်အရ ယူကရိန်းသို့ မပို့ဆောင်ရသေးသော အမေရိကန်၏ စစ်ရေးပစ္စည်းအားလုံးကို လွှဲပြောင်းရန် ယာယီရပ်ဆိုင်းခဲ့ရာ ယင်းတွင် လေကြောင်း၊ ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်လျက်ရှိသော ယူကရိန်း လက်နက်များနှင့် ပိုလန်နိုင်ငံတွင်းသို့ ရောက်ရှိပြီးဖြစ်သည့် ယူကရိန်းသို့ ပို့ဆောင်ရန် ပြင်ဆင်ထားသော ယူကရိန်းလက်နက်များ ပါဝင်ကြောင်း အမေရိကန် Bloomberg သတင်းဌာနက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
美媒:美国暂停对乌克兰军援 直至乌方表现和平诚意
新华社华盛顿3月3日电(记者邓仙来)据美国媒体3日报道,美国总统特朗普已下令暂停美国对乌克兰的军事援助,直到他确定乌克兰领导人表现出“达成俄乌和平协议的诚意”。
美国彭博社援引美国国防部一名匿名高级官员的消息报道说,根据这项由特朗普发出、由美国国防部长赫格塞思执行的命令,所有尚未运抵乌克兰的美国军事设备都将暂停交付,包括正由空中和海上运往乌克兰的武器,以及已抵达波兰境内并准备运往乌克兰的武器。(完)
图说:乌克兰总统泽连斯基和美国总统特朗普拼版图片。(新华/法新)