Asia
ဖိလစ်ပိုင် စစ်လေယာဉ်ပျောက်ဆုံးမှုတွင် လူနှစ်ဦးပါရှိ

မနီလာ၊ မတ် ၄ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင် FA-50 တိုက်လေယာဉ်တစ်စင်း မတ် ၄ ရက် နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Cebu ပြည်နယ်ရှိ လှုပ်ရှားမှုတစ်ခုအတွင်း ပျောက်ဆုံးခဲ့ကြောင်း၊ လေယာဉ်ပေါ်တွင် လူနှစ်ဦးပါရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ လေတပ်က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါတိုက်လေယာဉ်သည် Cebu ပြည်နယ် Mactan–Benito Ebuen လေတပ်အခြေစိုက်စခန်းမှ သတ်မှတ်ဧရိယာသို့ ပျံသန်းရာ၌ မစ်ရှင်တွင် ပါဝင်သည့် အခြားလေယာဉ်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ဖိလစ်ပိုင် လေတပ်ကြေညာချက်တွင် ဖော်ပြထားသည်။
အဆက်အသွယ်ပြတ်တောက်သွားသော တိုက်လေယာဉ်တွင် ပါရှိသူ နှစ်ဦးလုံးက အရေးပေါ် တည်နေရာပြကိရိယာ တပ်ဆင်ထားကြောင်း ဖိလစ်ပိုင်လေတပ်ပြောရေးဆိုခွင့်ရှိသူ Maria Consuelo Castillo က မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ လက်ရှိ အဆိုပါ နှစ်ဦး၏ တည်နေရာအချက်ပြမှုကို လက်ခံရရှိမှု ရှိမရှိကိုမူ Maria Consuelo Castillo က ပြောကြားခဲ့ခြင်း မရှိပေ။
ဖိလစ်ပိုင်နိုင်ငံတွင် FA-50 တိုက်လေယာဉ် ၁၀ စင်းဖြင့် ဖွဲ့စည်းထားသော လေတပ်တပ်ဖွဲ့ခွဲရှိရာ ယင်းတိုက်လေယာဉ်များသည် တောင်ကိုရီးယားနိုင်ငံမှ ဝယ်ယူခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
菲律宾一军机失踪 机上有两人
新华社马尼拉3月4日电(记者杨云起)菲律宾空军4日表示,该国一架FA-50战机当天凌晨在菲中部宿务省的一次行动中失踪,机上共有两人。
菲空军在一份声明中说,该战机从宿务麦克坦-贝尼托埃本空军基地起飞,在到达目标区域前与参与任务的其他飞机失去联系。
菲空军发言人玛丽亚·卡斯蒂略在接受媒体采访时表示,失联战机上载有两人,他们均佩戴个人应急示位仪。但卡斯蒂略未说明目前是否能接收到两人的定位信号。 菲律宾有一支由十数架FA-50战机组成的空军中队,这些战机从韩国购入。(完)