Europe
နေတိုးနှင့် ကုလသမဂ္ဂမှ အမေရိကန် နုတ်ထွက်ခြင်းကို အီလွန်မက်စ် လူသိရှင်ကြား ထောက်ခံ

ဝါရှင်တန်၊ မတ် ၄ ရက် (ဆင်ဟွာ)
အီလွန်မက်စ်သည် အမေရိကန်က နေတိုး (NATO) နှင့် ကုလသမဂ္ဂမှ နုတ်ထွက်ခြင်းကို ထောက်ခံကြောင်း မတ် ၁ ရက် ညပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ပြသခဲ့ပြီး “နေတိုးနှင့် ကုလသမဂ္ဂမှ နုတ်ထွက်ချိန်တန်ပြီ” ဟူသော ပို့စ်တစ်ခုကို ပြန်လည်မျှဝေရာတွင် “ကျွန်တော် သဘောတူတယ်” ဟု ရေးသားခဲ့ကြောင်း ပြင်သစ် RFI ရုပ်သံလိုင်းဝက်ဘ်ဆိုက်၏ သတင်းအရ သိရသည်။
အီလွန်မက်စ် ဖော်ပြသော သဘောထားနှင့် Utah ပြည်နယ် ရီပက်ဘလီကန်ပါတီဝင် အထက်လွှတ်တော်အမတ် Mike Lee အပါအဝင် နိုင်ငံရေးသမားများ၏ အမေရိကန်အား နေတိုး ကတိကဝတ်များကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့် အသံများသည် တစ်သားတည်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ Mike Lee သည် နေတိုးကို ကာလရှည်ကြာ ဝေဖန်ခဲ့ပြီး ယင်းကို “စစ်အေးတိုက်ပွဲ၏ အမွေအနှစ်” ဟု ခေါ်ဆိုကာ နေတိုးကို “ရပ်တန့်ရမည်” ဟု ယူဆကြောင်း၊ ဥရောပအတွက် နေတိုးသည် အလွန်ကောင်းမွန်သော အပေးအယူဖြစ်ပြီး အမေရိကန်အတွက်မူ “မမျှတသော အပေးအယူ” ဖြစ်ကြောင်း၊ အမေရိကန်၏ အရင်းအမြစ်များကို ဥရောပအား ကာကွယ်ရာတွင် အသုံးပြုလျက်ရှိပြီး အမေရိကန်၏ လုံခြုံရေးအတွက်မူ တိုက်ရိုက်အကျိုးအမြတ် များစွာမရှိဟု ၎င်းက ဆိုခဲ့ကြောင်း သတင်းတွေအရ သိရသည်။
ယင်းမတိုင်မီ ရီပက်ဘလီကန်ပါတီဝင် အမတ်များသည် ကုလသမဂ္ဂမှ အမေရိကန် နုတ်ထွက်ခြင်း မူကြမ်းတစ်ရပ်ကို တင်ပြခဲ့ပြီး ကုလသမဂ္ဂသည် ထရမ့်အစိုးရ၏ “အမေရိကန် ဦးစားပေး” အစီအမံနှင့် မကိုက်ညီကြောင်း ပြောကြားခဲ့သည်။
အီလွန်မက်စ်၏ ဤနောက်ဆုံး သဘောထားဖော်ပြချက်သည် ထရမ့်အစိုးရအတွင်းပိုင်းအနေဖြင့် နေတိုးနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အမေရိကန်၏ အနာဂတ် အခန်းကဏ္ဍနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစဉ်ကာလ၌ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။ ထရမ့်ကိုယ်တိုင်က နေတိုးမှ နုတ်ထွက်မည်ဟု အတိအလင်း ပြောကြားခဲ့ခြင်း မရှိသော်လည်း ၎င်းသည် ဥရောပမဟာမိတ်နိုင်ငံများအပေါ် အကြိမ်ကြိမ် ဖိအားပေးလျက်ရှိပြီး ၎င်းတို့အား ကာကွယ်ရေးစရိတ်များ တိုးမြင့်ရန် တောင်းဆိုခဲ့သလို အမေရိကန်အနေဖြင့် နေတိုး၏ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကို တစ်ဦးတည်း မထမ်းဆောင်သင့်ကြောင်း သတိပေးခဲ့သည်။
ထရမ့်အစိုးရ၏ အဓိကပုဂ္ဂိုလ် အနေဖြင့် အီလွန်မက်စ်သည် ထရမ့်၏ ဆုံးဖြတ်ချက်များအပေါ် အလွန်ကြီးမားသော သက်ရောက်မှုရှိကြောင်း သတင်းတွင် ယူဆထားသည်။ ၎င်း၏ နေတိုးမှ နုတ်ထွက်ရန် တောင်းဆိုမှုအား ထောက်ခံခြင်းသည် အိမ်ဖြူတော်အတွင်း ပို၍ အထီးကျန်ဆန်သော နိုင်ငံခြားရေးမူဝါဒသို့ ပြောင်းလဲသည့် အရှိန်အဟုန် တိုးတက်လျက်ရှိကြောင်း ညွှန်ပြနေခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ (Xinhua)
……………………….
(Chinese Version)
马斯克公开支持美国退出北约和联合国
据法国国际广播电台网站报道,马斯克1日晚在社交媒体平台X上表达了对美国退出北约和联合国的支持,他在转发一个写着“是时候退出北约和联合国了”的帖子时写道:“我同意”。
报道说,马斯克的这一表态与包括犹他州共和党籍联邦参议员迈克·李在内的政界人士要求美国重新考虑对北约承诺的呼声一致。迈克·李长期批评北约,称其为“冷战遗物”,并认为北约“必须停止”。他声称,北约对欧洲来说是很好的交易,对美国却是“不公平的交易”,认为美国的资源正被用于保护欧洲,而对美国的安全却没有太大的直接好处。
此前,几名共和党议员还提交了一份关于美国退出联合国的议案,声称联合国不符合特朗普政府的“美国优先”议程。
报道说,马斯克的这一最新表态正值特朗普政府内部就美国未来在北约和国际机构中的角色进行广泛讨论之际。虽然特朗普本人没有明确表示要退出北约,但他一再向欧洲盟国施压,要求它们增加国防开支,并警告说美国不应独自承担北约的财政负担。
报道认为,作为特朗普政府中的关键人物,马斯克对特朗普决策的影响是巨大的。他对退出北约呼声的支持可能预示着白宫内部朝更加孤立主义的外交政策转变的势头正在增长。
这是2023年11月2日在英国伦敦拍摄的马斯克照片。新华社/美联