Connect with us

North America

အမေရိကန်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးနိုင်ကြောင်း နိုင်ငံခြားမီဒီယာများက ဆို

ရုရှားနိုင်ငံ မြို့တော် မော်စကို၏ မြို့ပြရှုခင်းကို ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
အမေရိကန်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးနိုင်ဖွယ်ရှိသော အစီအစဉ် ရေးဆွဲလျက်ရှိကြောင်း သတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံခြားမီဒီယာများက ဖော်ပြခဲ့သည်။
အိမ်ဖြူတော်က ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် အလားအလာရှိသည့် ရည်မှန်းထားသောစာရင်းတစ်ခု ရေးဆွဲပေးရန် အမေရိကန်နိုင်ငံခြားရေးကောင်စီနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို တောင်းဆိုထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ပိတ်ဆို့အရေးယူမှု ရေးရာတာဝန်ယူသည့်ဌာနများသည် ရုရှား၏ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တချို့အပေါ် ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေးမူကြမ်း အဆိုပြုချက် ရေးဆွဲလျက်ရှိကြောင်း ရိုက်တာသတင်းဌာနက အမေရိကန်အရာရှိတစ်ဦးနှင့် သက်ဆိုင်ရာအခြေအနေများကို ရင်းနှီးသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အမေရိကန်က စွမ်းအင်၊ ဘဏ္ဍာရေး စသည့် ကဏ္ဍများတွင် ရုရှားအပေါ် များပြားသော ပိတ်ဆို့အရေးယူမှုများ ဖော်ဆောင်ခဲ့သည်။ (Xinhua)
………………………
(Chinese Version)
外媒:美国可能放松对俄罗斯制裁
新华社华盛顿3月3日电 外媒3日援引消息人士的话报道称,美国正拟定计划,可能放松对俄罗斯的制裁。
路透社援引一名美国官员和一名熟悉相关情况人士的话报道,白宫已要求美国国务院和财政部拟定一份可能解除制裁的目标清单。目前,负责制裁事宜的部门正就解除对俄一些实体和个人的制裁起草建议。
过去几年中,美国在能源、金融等领域对俄罗斯实施大量制裁。(完)
图说:这是2024年5月11日在俄罗斯首都莫斯科拍摄的城市风景。新华社发(亚历山大摄)