မြန်မာ-中文
ယူကရိန်းအပေါ် စစ်ရေးအကူအညီများအား အမေရိကန် ယာယီရပ်တန့်၊ ဇယ်လန်းစကီးကို “သည်းညည်းမခံနိုင်” ဟု ထရမ့် ဆို

ဝါရှင်တန်၊ မတ် ၅ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ပဋိပက္ခအဆုံးသတ်ရေး သဘောတူညီချက် ရရှိရန် “အလွန့်အလွန် အလှမ်းဝေးတယ်” ဟု ယူကရိန်း သမ္မတ ဇယ်လန်းစကီး ပြောကြားသည့်အပေါ် အမေရိကန် သမ္မတ ထရမ့်က ယင်းမှာ ဇယ်လန်းစကီး ပြောကြားချက်တွင် “အဆိုးဝါးဆုံးသော ကြေညာချက်” ဖြစ်ပြီး “အမေရိကန်က ဒီအပေါ်မှာ အကြာကြီး သည်းညည်းခံမှာ မဟုတ်ဘူး” ဟု မတ် ၃ ရက်က လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ အမေရိကန်အနေဖြင့် ယူကရိန်းအပေါ် စစ်ရေးအကူအညီများ ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် မီဒီယာများက ယင်းနေ့တွင် ဖော်ပြခဲ့သည်။
ယူကရိန်းခေါင်းဆောင်က “ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် သဘောထားအမှန်” ဖော်ပြသည်ကို ၎င်းအနေဖြင့် အတည်ပြုပြီးသည်အထိ ယူကရိန်းအပေါ် စစ်ဘက်ဆိုင်ရာအကူအညီအားလုံး ယာယီရပ်တန့်ရေး ထရမ့်က အမိန့်ချထားကြောင်း အမေရိကန် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ထရမ့်မှ အဆိုပြုခဲ့ပြီး အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဖော်ဆောင်သည့် ဤအမိန့်အရ ယူကရိန်းသို့ မပို့ဆောင်ရသေးသော အမေရိကန်၏ စစ်ရေးပစ္စည်း အားလုံးကို လွှဲပြောင်းရန် ယာယီရပ်ဆိုင်းခဲ့ရာ ယင်းတွင် လေကြောင်း၊ ပင်လယ်ရေကြောင်းဖြင့် ယူကရိန်းသို့ ပို့ဆောင်လျက်ရှိသော လက်နက်များနှင့် ပိုလန်နိုင်ငံတွင်းသို့ ရောက်ရှိပြီးဖြစ်သည့် ယူကရိန်းသို့ ပို့ဆောင်ရန် ပြင်ဆင်ထားသော လက်နက်များ ပါဝင်ကြောင်း အမေရိကန် Bloomberg သတင်းဌာနက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အမေရိကန်ကသာ ထောက်ခံအားပေးနေမည်ဆိုလျှင် ဇယ်လန်းစကီးက ငြိမ်းချမ်းရေးလိုချင်မည် မဟုတ်ကြောင်း ထရမ့်က ယင်းနေ့အစောပိုင်း၌ လူမှုကွန်ရက်မီဒီယာတွင် ရေးသားထားသည်။ ဥရောပနိုင်ငံ ခေါင်းဆောင်များက ဇယ်လန်းစကီးနှင့်တွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန် ထောက်ခံအားပေးမှုမရှိလျှင် ၎င်းတို့အနေဖြင့် ဤလုပ်ငန်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ဟု တိုက်ရိုက်ပြောကြားခဲ့ကြောင်း၊ “ရုရှားကို အင်အားပြတဲ့ရှုထောင့်ကကြည့်ရင် ဒါက ကြေညာချက်ကောင်း တစ်ခုတော့ မဟုတ်နိုင်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
“အချို့လူတွေက သဘောတူညီချက်မရချင်ကြဘူး။ တကယ်လို့ သဘောတူညီချက် မယူချင်တဲ့သူရှိရင် ကျုပ်ထင်တဲ့ အဲဒီလူက ဒီမှာ ကြာကြာမရှိနိုင်ဘူး။ သိပ်မကြာခင်မှာပဲ လူတွေက သူ့စကား ထပ်ပြီး နားထောင်တော့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရုရှားက သဘောတူညီချက်လိုချင်တယ် ဆိုတာ ကျုပ်ယုံကြည်တယ်၊ ယူကရိန်းပြည်သူတွေကလည်း သဘောတူညီချက်လိုချင်တယ်လို့ ကျုပ်ယုံကြည်တယ်” ဟု ယင်းနေ့ အိမ်ဖြူတော်၌ သတင်းထောက်များ၏ ရုရှား-ယူကရိန်း ပဋိပက္ခအကြောင်းမေးမြန်းရာတွင် ထရမ့်က ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် အမေရိကန်၊ ဥရောပ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ “ငြိမ်းချမ်းရေးကို သွားတဲ့ လမ်းမှာ အမေရိကန်ရဲ့ အားပေးထောက်ခံမှုကို ရဖို့ အလွန်မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ဖို့ လိုအပ်တယ်” ဟု ဇယ်လန်းစကီးက မတ် ၃ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ ပြောကြားခဲ့သည်။ ထိုမတိုင်မီနေ့က ဇယ်လန်းစကီးသည် ရုရှား-ယူကရိန်း ပဋိပက္ခအဆုံးသတ်ရေး သဘောတူညီချက် ရရှိရန် “အလွန့်အလွန် အလှမ်းဝေးတယ်” ဟု ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နိုင်ငံ အိမ်ဖြူတော်သို့ ဇယ်လန်းစကီး ရောက်ရှိပြီး ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက် အပြင်းအထန် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ယူကရိန်းက အမေရိကန်ကို သတ္တုအရင်းအမြစ် တူးဖော်ခွင့် ပံ့ပိုးသည့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ (Xinhua)
————————
(Chinese Version)
美方暂停对乌军援 特朗普称无法“容忍”泽连斯基
新华社华盛顿3月3日电(记者邓仙来)针对乌克兰总统泽连斯基称结束俄乌冲突的协议“非常非常遥远”,美国总统特朗普3日在社交媒体上发文称,这是泽连斯基发表的“最糟糕声明”,“美国对此不会容忍太久!”美国媒体当天报道,美方已暂停对乌军事援助。
据美国媒体报道,特朗普下令暂停对乌克兰所有军事援助,直到他确定乌克兰领导人表现出对“达成俄乌和平协议的诚意”。
美国彭博社援引美国国防部一名匿名高级官员的消息报道说,根据这项由特朗普发出、由美国国防部长赫格塞思执行的命令,所有尚未运抵乌克兰的美国军事设备都将暂停交付,包括正由空中和海上运往乌克兰的武器,以及已抵达波兰境内并准备运往乌克兰的武器。
特朗普当天早些时候在社交媒体上写道,只要能获得美国支持,泽连斯基就不想要和平。他说,欧洲国家领导人在同泽连斯基的会晤中直截了当地表示,没有美国支持,他们无法完成这项工作,“从向俄罗斯展示力量的角度看,这可能不是一份好声明”。
特朗普当天在白宫对在场记者谈及俄乌冲突时表示,“可能有些人不想达成协议,如果有人不想达成协议,我认为那个人不会在这里待太久。用不了多久,人们将不再听他(说的话),因为我相信俄罗斯想达成协议,我相信乌克兰人民一定想达成协议。”
泽连斯基3日在社交媒体上表示,乌方正与美国和欧洲伙伴合作,“非常希望在通往和平的道路上获得美国的支持。需要尽快实现和平”。此前一日,泽连斯基称结束俄乌冲突的协议“非常非常遥远”。
2月28日,泽连斯基到访美国白宫并与特朗普会面,双方发生激烈争吵,未签署乌克兰向美国提供矿产资源开采权的协议。(完)
1. 2月28日,美国总统特朗普在华盛顿白宫迎接乌克兰总统泽连斯基(右)。新华社记者 胡友松 摄