Africa & Middle East
ပထမအသုတ် ဂါဇာကလေးလူနာ ၂၉ ဦး ဂျော်ဒန် လက်ခံ

အမ်မန်၊ မတ် ၅ ရက် (ဆင်ဟွာ)
ဂျော်ဒန်လက်နက်ကိုင်အဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ဂျော်ဒန်ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် မတ် ၄ ရက်က ပူးပေါင်းဆောင်ရွက်၍ ပထမအသုတ် ကလေးလူနာ ၂၉ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဂါဇာကမ်းမြောင်ဒေသမှ ခေါ်ထုတ်ခဲ့သည်။
ယင်းမှာ ဂျော်ဒန်နိုင်ငံ၌ ဆေးကုသမည့် ဂါဇာကလေးလူနာများ ပထမအသုတ် ဖြစ်ပြီး ၎င်းတို့သည် ဂျော်ဒန်နိုင်ငံရှိ ဆေးရုံအများအပြားတွင် ဆေးကုသမှုခံယူမည်ဖြစ်ကြောင်း ဂျော်ဒန်လက်နက်ကိုင်အဖွဲ့က အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယခုအကြိမ် လှုပ်ရှားမှုသည် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ-၂ ၏ ညွှန်ကြားချက်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဂျော်ဒန်နိုင်ငံအနေဖြင့် ဂါဇာ ကလေးလူနာ အယောက် ၂,၀၀၀ ကို လက်ခံဆေးကုသပေးမည်ဖြစ်ကြောင်း ဂျော်ဒန် လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mustafa Al-Hiyari က အဆိုပါနေ့တွင် ဂျော်ဒန်နှင့် ပါလက်စတိုင်းရှိ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းကြားရှိ King Hussein တံတား နယ်စပ်ဖြတ်ဂိတ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဗ္ဗဒူလာ-၂ က လတ်တလော အမေရိကန်သို့ သွားရောက်လည်ပတ်စဉ် ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါနေ့တွင် ကလေးလူနာ ၄ ဦးကို အထူးဆေးကုသရေးအဖွဲ့ပါရှိသော တော်ဝင်လေတပ် ရဟတ်ယာဉ်ဖြင့် ဂျော်ဒန်နိုင်ငံ Marka အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့ပြီး အခြားသော ကလေး ၂၅ ဦးကမူ လူနာတင်ကားဖြင့် King Hussein တံတား နယ်စပ်ဂိတ်မှ ဖြတ်၍ ကုန်းလမ်းဖြင့် ဂျော်ဒန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း Al-Hiyari က ပြောကြားခဲ့သည်။ (Xinhua)

ဂျော်ဒန်နှင့် ပါလက်စတိုင်းရှိ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းကြား၊ King Hussein တံတား နယ်စပ်ဖြတ်ကျော်ရေးဂိတ်သို့ ဂါဇာမှ အမျိုးသမီးတစ်ဦးနှင့်အတူ လိုက်ပါလာသော ကလေးလူနာကို မတ်လ ၄ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)
………………………………
(Chinese Version)
约旦接收首批29名加沙患病儿童
新华社安曼3月4日电(记者何奕萍)约旦武装部队4日与世界卫生组织和约旦卫生部合作,从加沙地带撤出29名患病儿童及其家属。
约旦武装部队当天发表声明说,这是第一批将在约旦接受治疗的加沙患病儿童,他们将在约旦多个医院接受治疗。
约旦武装部队发言人穆斯塔法·希亚里当天在约旦与巴勒斯坦约旦河西岸之间的侯赛因国王桥边境口岸召开新闻发布会时说,此次行动是执行约旦国王阿卜杜拉二世的指示。阿卜杜拉二世在近期访问美国时宣布约旦将接收2000名加沙患病儿童进行治疗。
希亚里说,当天4名患病儿童通过配备专门医疗队的皇家空军直升机空运至约旦马尔卡机场,另外25名儿童则由救护车经侯赛因国王桥边境口岸从陆路进入约旦。(完)
图说1:3月4日,来自加沙地带的患病儿童抵达约旦与巴勒斯坦约旦河西岸之间的侯赛因国王桥边境口岸。新华社发(默罕默德·阿布·古什摄)
图说2:3月4日,来自加沙地带的患病儿童在一名女子陪伴下抵达约旦与巴勒斯坦约旦河西岸之间的侯赛因国王桥边境口岸。新华社发(默罕默德·阿布·古什摄)