Connect with us

China

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူရိခရိုင် “တရုတ် အော်ဂဲနစ်လက်ဖက် ဇာတိမြေ” တွင် နွေဦးလက်ဖက်ခူးဆွတ်

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူရိခရိုင် ဝမ်ကျိုင်မြို့နယ် စစ်ပေါင်ကျေးရွာရှိ ရဲ့ချန်ရှန်း အော်ဂဲနစ်လက်ဖက်ခြံတွင် ပထမအသုတ် နွေဦးလက်ဖက် “နွေဦးမိုး အမှတ် ၁” အား ခူးဆွတ်နေကြသော လက်ဖက်တောင်သူများကို မတ်လ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူရိ (ကျဲ့ကျန်း)၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူရိခရိုင် ဝမ်ကျိုင်မြို့နယ် စစ်ပေါင်ကျေးရွာရှိ ရဲ့ချန်ရှန်း အော်ဂဲနစ်လက်ဖက်ခြံတွင် မတ် ၅ ရက်က နွေဦးလက်ဖက်ခူးဆွတ်လျက်ရှိရာ ဝူရိခရိုင်သည် ယခုနှစ် နွေဦးလက်ဖက်ခူးကာလသို့ တရားဝင် ရောက်ရှိခဲ့ပြီဖြစ်သည်။ ပထမအသုတ် ခူးဆွတ်မည့် လက်ဖက်ခြံသည် တရုတ်ဧရိယာ မူ(Mu) ၂,၀၀၀ ကျော်ရှိသည်။

ဝူရိခရိုင်သည် “တရုတ် အော်ဂဲနစ်လက်ဖက် ဇာတိမြေ” ဖြစ်သည်။ ဝူရိခရိုင်သည် နှစ်ပေါင်းများစွာကတည်းက “အော်ဂဲနစ်စိုက်ပျိုးရေးကို မြှင့်တင်ခြင်း၊ ကိုယ်ပိုင်အမှတ်တံဆိပ်ကို တည်ဆောက်ခြင်း၊ ဦးဆောင်မှုအခန်းကဏ္ဍကို ပျိုးထောင်ခြင်း၊ ပေါင်းစည်းမှုကို မြှင့်တင်ပေးခြင်း” တို့ကို အခိုင်အမာ လက်ကိုင်ထားကာ လက်ဖက်ထုတ်လုပ်ရေးလုပ်ငန်းကို “စီးပွားဖြစ် တိုးချဲ့ဖွံ့ဖြိုးတိုးတက်ရန်၊ ဂေဟစနစ်နှင့် ကိုက်ညီစေရန်၊ အမှတ်တံဆိပ်တည်ထောင်ရန်၊ ထုတ်ကုန်လုပ်ငန်းအသွင်ပြောင်းရန်” တွန်းအားပေးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဝူရိခရိုင်တွင် လက်ဖက်ခြံ ဧရိယာသည် ၁၂,၅၇၀ မူ(Mu)၊ ထုတ်ကုန်ပမာဏသည် တန်ပေါင်း ၂၀,၃၀၀၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ ထွက်ကုန်တန်ဖိုးသည် ယွမ် ၅.၇၂၉ ဘီလီယံ ရှိရာ အဆိုပါဒေသ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်သော ထုတ်လုပ်ရေးလုပ်ငန်းဖြစ်လာပြီး လက်ဖက်တောင်သူပေါင်း ၆၀,၀၀၀ အတွက် ဝင်ငွေတိုးပွား ချမ်းသာကြွယ်ဝစေသည်။ (Xinhua)


……………………….
(Chinese Version)
浙江武义:“中国有机茶之乡”春茶开采
新华社照片,武义(浙江),2025年3月5日
当日,浙江金华市武义县王宅镇上四保村叶常香有机茶园的春茶开采,武义县正式进入今年春茶采摘期。首批开采茶园2000多亩。
武义县是“中国有机茶之乡”。多年来,武义县坚持“抓有机、树品牌、育龙头、促融合”,推动茶产业“规模化、生态化、品牌化、产业化”发展。2024年武义县茶园面积12.57万亩,产量2.03万吨,全产业链产值57.29亿元,成为当地农业发展的主导产业,带动6万茶农增收致富。
图说:3月5日,武义县王宅镇上四保村叶常香有机茶园的茶农在采摘首批春茶“春雨一号”(无人机照片)。新华社记者 徐昱 摄

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.