Connect with us

မြန်မာ-中文

ယူကရိန်းနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေခြင်းကို အမေရိကန်ရပ်ဆိုင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) လိုဂိုအား ၂၀၂၂ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၆ ရက် (ဆင်ဟွာ)

အမေရိကန်သည် ယူကရိန်းနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေခြင်းအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဥက္ကဋ္ဌ John Ratcliffe က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
John Ratcliffe က ထိုနေ့တွင် အမေရိကန် Fox Business Network ရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ “သမ္မတ (ထရမ့်) က ‘(ယူကရိန်းအပေါ် ထောက်ပံ့မှုကို) ကျွန်တော်တို့ကို ရပ်ဆိုင်းခိုင်းပါတယ်’၊ ပြီးတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ သမ္မတ ဇယ်လန်းစကီးက ‘ကျွန်တော် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အသင့်ဖြစ်ပါပြီ၊ ဒါ့အပြင် ကျွန်တော် ထရမ့်ရဲ့ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်ချင်တယ်’ လို့ ထုတ်ပြန်ချက် ကြေညာခဲ့တယ်” ဟု ပြောကြားခဲ့သည်။
ထိုနေ့နှောင်းပိုင်းတွင် အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Karoline Leavitt က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ၎င်းသည် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီထံမှ ကြားသိရမှုမှာ ယူကရိန်းအပေါ် အကူအညီပေးမှုများ ရပ်ဆိုင်းရခြင်း၏ ရည်ရွယ်ချက်မှာ ကူညီပေးမှုများအား “စိစစ်ရန်” နှင့် “ပြန်လည်စဉ်းစားရန်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဇယ်လန်းစကီးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သို့ရောက်ရှိပြီး ထရမ့်နှင့် တွေ့ဆုံခဲ့သည်။ နှစ်ဖက်က ပြင်းထန်စွာငြင်းခုံခဲ့ကြပြီး ယူကရိန်းက အမေရိကန်ထံ သတ္တုအရင်းအမြစ်များ တူးဖော်ခွင့် ပေးသည့် သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။ အမေရိကန်က ယူကရိန်းအပေါ် စစ်ဘက်ဆိုင်ရာ ကူညီပေးမှုများအား ရပ်ဆိုင်းထားရန် ထရမ့်က အမိန့်ချမှတ်ပြီးဖြစ်ကြောင်း အမေရိကန် မီဒီယာများက မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ဇယ်လန်းစကီးက မတ် ၄ ရက်တွင် ၎င်းနှင့် ထရမ့်တို့သည် အမေရိကန် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ဖြစ်ပွားခဲ့မှုများအတွက် များစွာ ဝမ်းနည်းမိကြောင်း၊ ယူကရိန်းဘက်က မည်သည့်အချိန်တွင်မဆို မည်ကဲ့သို့ အဆင်ပြေသည့် နည်းလမ်းနှင့်ဖြစ်စေ အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားရန် ဆန္ဒရှိကြောင်း၊ ယူကရိန်းဘက်က အဆိုပါသဘောတူညီချက်အား ပိုမိုကြီးမားသော လုံခြုံမှုနှင့် ခိုင်မြဲသော လုံခြုံရေး အာမခံချက်ဆီသို့ လျှောက်လှမ်းသော အရေးကြီးခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Karoline Leavitt သတင်းစာရှင်းလင်းပွဲတက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————————-
(Chinese Version)
美国暂停同乌克兰分享情报
新华社华盛顿3月5日电(记者邓仙来)美国中央情报局局长拉特克利夫5日说,美国已暂停同乌克兰分享情报。
拉特克利夫当天在接受美国福克斯商业新闻电视台采访时说:“总统(特朗普)说‘让我们暂停(对乌支持)’。然后,大家就看到了,泽连斯基总统发表声明说,‘我准备好实现和平,而且我想在特朗普的领导下实现和平’。”
当天晚些时候,美国白宫新闻发言人卡罗琳·莱维特在例行记者会上表示,她从美国国家安全委员会得到的说法是,暂停对乌援助的目的是对援助进行“审查”和“重新考虑”。
2月28日,泽连斯基到访美国白宫并与特朗普会面,双方发生激烈争吵,未签署乌克兰向美国提供矿产资源开采权的协议。美国媒体3日报道,特朗普已下令暂停美国对乌克兰的军事援助。泽连斯基4日说,他对与特朗普在美国白宫会晤时所发生的一切感到遗憾,乌方愿在任何时间、以任何方便的方式签署美乌矿产协议,乌方视该协议为迈向更大安全和坚实安全保障的重要一步。(完)
图说1:这是2022年8月15日在美国华盛顿拍摄的美国联邦调查局标志。新华社记者刘杰摄
图说2:2025年2月25日,美国白宫新闻秘书莱维特在华盛顿白宫出席记者会。新华社记者 胡友松 摄