Connect with us

Asia

တောင်ကိုရီးယား- အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှ ဗုံးများ တောင်ကိုရီးယား လူနေရပ်ကွက်တစ်ခုသို့ မတော်တဆကျရောက်ခဲ့၍ လူ ၇ ဦး ဒဏ်ရာရရှိ

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Pocheon မြို့၌ စစ်ရေးလေ့ကျင့်မှုမှ ဗုံးများ မတော်တဆကျရောက်ခဲ့သောကြောင့် လူနေရပ်ကွက်မှ မီးခိုးငွေ့များ တက်လာသည်ကို ဒေသခံများ ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၆ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Pocheon မြို့၌ မတ် ၆ ရက်တွင် ကျင်းပသော တောင်ကိုရီးယား- အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း Pocheon မြို့လူနေအိမ်များပေါ်သို့ ဗုံးများမတော်တဆကျခဲ့သောကြောင့် လူ ၇ ဦး ဒဏ်ရာရရှိကြောင်း တောင်ကိုရီးယားနိုင်ငံ လေတပ်က အဆိုပါနေ့ ထုတ်ပြန်သော အစီရင်ခံစာ၌ ပြောကြားခဲ့သည်။
အဆိုပါနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် MK-82 ဗုံး ၈ လုံးကို ပုံမှန်မဟုတ်ဘဲ ကြဲချခဲ့ရာ ပစ်ခတ်သည့်နေရာ အပြင်ဘက်သို့ ကျရောက်ခဲ့သောကြောင့် အနီးနားရှိ လူနေအိမ် ၇ လုံး ပျက်စီးခဲ့ကာ လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက် ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားခဲ့သည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Pocheon မြို့၌ စစ်ရေးလေ့ကျင့်မှုမှ ဗုံးများ မတော်တဆကျရောက်ခဲ့သောကြောင့် လူနေရပ်ကွက်အနီးရှိ နေအိမ်အဆောက်အအုံပျက်စီးသွားသည်ကို မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………….
(Chinese Version)
韩美联合军演炸弹误入韩居民区致7人受伤
新华社首尔3月6日电(记者姬新龙)韩国空军6日发布报道资料说,当天在京畿道抱川市举行的韩美联合军演中,有炸弹误入抱川市民宅,导致7人受伤。
报道资料中说,当天上午10时许,有8枚MK-82炸弹被非正常投下,落在射击场外面,导致附近7座民宅被毁,已致7人受伤,其中4人重伤。(完)
图说1:这张由当地居民拍摄的照片显示,韩国京畿道抱川市遭军演炸弹误入的居民区冒出浓烟。新华社发
图说2:3月6日,韩国京畿道抱川市遭军演炸弹误入居民区附近的房屋受损。新华社记者 姚琪琳 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.