North America
အမေရိကန်စစ်ရေယာဉ်အား အခမဲ့ဖြတ်သန်းခွင့်ပြုရန် ပြောဆိုချက်ကို ပနားမားတူးမြောင်း စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ငြင်းဆို

ပနားမားမြို့၊ မတ် ၆ ရက် (ဆင်ဟွာ)
အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Karoline Leavitt ၏ အမေရိကန်စစ်ရေယာဉ်အား အခမဲ့ဖြတ်သန်းခွင့်ပြုထားသည်ဟူသော ပြောဆိုချက်ကို ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့က မတ် ၅ ရက်တွင် ငြင်းဆိုခဲ့သည်။ (အမေရိကန်သင်္ဘောများ အပါအဝင်) တူးမြောင်းဖြတ်သန်းခကို မည်သည့်ပြင်ဆင်မှုမျှ လုပ်ဆောင်ထားခြင်းမရှိဟု တူးမြောင်းအာဏာပိုင်အဖွဲ့က အလေးထား ပြောကြားခဲ့သည်။
“အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံက မတ် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတဲ့ ပြောဆိုချက်နဲ့ စပ်လျဉ်းပြီး တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပနားမားတူမြောင်း ဖြတ်သန်းခနှင့် အခြားသက်ဆိုင်ရာစရိတ်များအား ပြင်ဆင်ထားမှုမရှိကြောင်း တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က အလေးထား ပြောကြားလိုပါတယ်” ဟု တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထိုနေ့တွင် ထုတ်ပြန်သော ကြေညာချက်တစ်ခု၌ အလေးထားပြောကြားခဲ့သည်။
Karoline Leavitt က မတ် ၅ ရက်တွင် “ပနားမားတူးမြောင်း (အာဏာပိုင်အဖွဲ့) က အမေရိကန် ရေတပ် စစ်ရေယာဉ်တွေ တူးမြောင်းကို ဖြတ်သန်းသွားလာစရိတ်တွေ ပယ်ဖျက်ပေးလိုက်တာကို ကျွန်မတို့ တွေ့မြင်ရပါတယ်။ ဒါက အမေရိကန်အတွက်ပြောရရင် အောင်မြင်မှုတစ်ခုပါပဲ” ဟု ပြောကြားခဲ့သည်။
ထိုမတိုင်မီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်အစိုးရ သင်္ဘောများသည် ပနားမားတူးမြောင်းအား အခမဲ့ဖြတ်သန်းနိုင်သည်ဟု ပြောကြားခဲ့သည်။ တူးမြောင်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ အဆိုပါပြောဆိုချက်အား ငြင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)
————————————————————————————–
(Chinese Version)
巴拿马运河管理局驳斥让美军舰免费通行的说法
新华社巴拿马城3月5日电(记者许咏政)巴拿马运河管理局5日驳斥了美国白宫新闻发言人卡罗琳·莱维特有关美国军舰可免费通过运河的言论。运河管理局重申,(对包括美国船只在内的)运河通行费未作任何调整。 运河管理局当天在一份声明中强调:“针对白宫新闻发言人今日在新闻发布会上的言论,运河管理局重申,并未对巴拿马运河的通行费及其他相关费用进行调整。”
莱维特5日称:“我们看到巴拿马运河(管理局)取消了美国海军舰艇进出运河的费用,这对美国来说是一场胜利。”
此前,美国国务院也曾于2月5日声称,美国政府船只可以免费通过巴拿马运河。运河管理局当日发表声明对该说法予以否认。(完)
图说:2024年8月28日,在巴拿马首都巴拿马城附近,一艘货轮在巴拿马运河上航行(无人机照片)。新华社记者李木子摄