Connect with us

North America

ကမ္ဘာ့ကုန်သွယ်ရေးစည်းစနစ်ကို ဖျက်ဆီးခြင်းက အမေရိကန်စီးပွားရေးအတွက် ဆိုးရွားသော ပေးဆပ်မှုများ ဆောင်ကြဉ်းပေးမည်ဟု ဗြိတိန်မီဒီယာ ဆို

ကနေဒါနိုင်ငံ Ontario ပြည်နယ် Oakville မြို့ရှိ LCBO ၏စတိုးဆိုင်တစ်ဆိုင်တွင် စင်ပေါ်မှ အမေရိကန်အမှတ်တံဆိပ် အရက်များကို သိမ်းဆည်းနေသော ဝန်ထမ်းအား မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မတ် ၆ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရ၏ လတ်တလော ကမ္ဘာ့ကုန်သွယ်ရေးစနစ်နှင့် မဟာဗျူဟာမြောက် မဟာမိတ်များကို ပစ်မှတ်ထားသော အစွန်းရောက်မူဝါဒများသည် အမေရိကန် ဦးဆောင်တည်ထောင်ထားသော တံခါးဖွင့် ကုန်သွယ်မှုစနစ်ကို ဖျက်ဆီးလျက်ရှိရာ အမေရိကန်စီးပွားရေးအတွက် ဆိုးရွားသော ပေးဆပ်မှုများ ဆောင်ကြဉ်းပေးလိမ့်မည်ဟု ဗြိတိန် “Financial Times” ဝက်ဘ်ဆိုက်၏ မကြာသေးမီရက်က ထုတ်ပြန်ခဲ့သော ၎င်းသတင်းဌာန ထိပ်တန်း စီးပွားရေး သုံးသပ်သူ Martin Wolf ၏ ဆောင်းပါးတွင် ပြောကြားခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

အမေရိကန်က ကနေဒါ၊ မက္ကဆီကိုတို့အပေါ် စည်းကြပ်ခွန်၂၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခဲ့ရာ နောက်ဆက်တွဲအနေဖြင့် ဥရောပသမဂ္ဂမှ အမေရိကန်သို့တင်သွင်းသော ကုန်ပစ္စည်းများမှာလည်း မြင့်မားသော စည်းကြပ်ခွန်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ဤလုပ်ရပ်မှာ အမေရိကန်က ၎င်းဦးဆောင်တည်ဆောက်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို စွန့်ပယ်လျက်ရှိခြင်း၏ အမှတ်သင်္ကေတဖြစ်သည်။

အမေရိကန် ကုန်သွယ်ရေး လိုငွေပြမှုသည် ကုန်သွယ်ရေးမိတ်ဖက်များ၏ မမျှတသော လုပ်ရပ်များကြောင့် မဟုတ်ကြောင်း၊ “စည်းကြပ်ခွန်နဲ့ လိုငွေပြမှုကို ဖြေရှင်းတာက လေအပြည့်ဖြည့်ထားတဲ့ လေပူဖောင်းကို ဖျစ်ညှစ်နေတာနဲ့ အတူတူပဲ” ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့  ထိပ်တန်း စီးပွားရေးပညာရှင် Maurice Obstfeld က အလေးအနက် ပြောကြားခဲ့သည်။

အမေရိကန်က “ဥရောပသမဂ္ဂ ထူထောင်ခြင်းသည် အမေရိကန်အပေါ် အခွင့်ကောင်းယူရန်ဖြစ်သည်” ဟု ပြစ်တင်ဝေဖန်ခဲ့သည်။ ဒိန်းမတ် စီးပွားရေး ပညာရှင် Jesper Jensen က အမေရိကန်သည် ကုန်ပစ္စည်း ကုန်သွယ်ရေးကိုသာ အာရုံစိုက်နေပြီး ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် အရင်းအနှီးအမြတ်များအပေါ် လျစ်လျူရှုခဲ့ကြောင်း၊ အကယ်၍ ယူရိုဇုန်ရှိ အမေရိကန်၏ဝန်ဆောင်မှု ကုန်သွယ်ရေးပိုလျှံငွေနှင့် အရင်းအနှီး အမြတ်ငွေ စသည်တို့ကို ၎င်း၏ ကုန်သွယ်ရေးလိုငွေပြမှုနှင့် ခုနှိမ်လိုက်ပါက ယူရိုဇုန်တစ်ခုလုံးနှင့် အမေရိကန်၏ နှစ်ဖက်လက်ကျန်ငွေစာရင်း (current account) သည် လက်တွေ့တွင် တန်းတူညီမျှနီးနီးရှိကြောင်း ထောက်ပြခဲ့သည်။

မက္ကဆီကိုနှင့် ကနေဒါ၏ အမေရိကန် ကုန်ပစ္စည်းများတင်ပို့မှုသည် ၎င်းနိုင်ငံ ၂၀၂၃ ခုနှစ် ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ၂၇ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်း အသီးသီးရှိရာ အမေရိကန်၏ စည်းကြပ်ခွန်းတိုးမြှင့်ခြင်းက အဆိုပါနိုင်ငံ နှစ်နိုင်ငံအတွက် ကြီးမားသော စီးပွားရေးကုန်ကျစရိတ်များ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ၏ ဤအချိုးအစားမှာ ၂.၉ ရာခိုင်နှုန်းသာရှိ၍ စည်းကြပ်ခွန်တိုးမြှင့်ခြင်း သက်ရောက်မှုက သိပ်ကြီးမားမည်မဟုတ်ကြောင်း၊ “ဒါပေမဲ့ ဒါကလည်း မျှတမှုမရှိတဲ့၊ အသိတရားမရှိတဲ့ စီးပွားရေးတိုက်ပွဲလုပ်ရပ်တစ်ခုအနေနဲ့ ရှိနေတုန်းပဲ၊ ဥရောမသမဂ္ဂအနေနဲ့ မဖြစ်မနေ ပြန်လည်တုံ့ပြန်မှာဖြစ်ပြီး အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေးမှာ ထာဝရပျက်စီးမှု ခံစားနေရမှာဖြစ်တယ်” ဟု ၎င်းက ထောက်ပြခဲ့သည်။
အမေရိကန်သည် မဟာမိတ်များက တုံ့ပြန်လိုက်သော စီးပွားရေး၊ နိုင်ငံရေး နှစ်မျိုး၏ တိုက်ခိုက်မှုတွင် မိမိကိုယ်ကိုယ်တန်ပြန်တိုက်စားမှု မုချဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် “ဆိုးရွားစွာ ပေးဆပ်ရလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
#အမေရိကန်စီးပွားရေး #ကမ္ဘာ့ကုန်သွယ်ရေးစနစ် #စည်းကြပ်ခွန် #မက္ကဆီကို_ကနေဒါ_ဥရောပသမဂ္ဂ
…………………….
(Chinese Version)
全球瞭望|英媒:破坏全球贸易秩序将给美国经济带来惨痛代价
新华社伦敦3月5日电(记者赵小娜)英国《金融时报》网站日前发表该报首席经济评论员马丁·沃尔夫的文章说,特朗普政府近期针对全球贸易体系和战略同盟的激进政策,正在破坏美国主导建立的开放贸易体系,将给美国经济带来深远且惨痛的代价。文章摘要如下:
美国对加拿大、墨西哥加征25%关税,预计接下来欧盟输美商品也将面临高关税。此举标志着美国正背弃其主导建立的全球贸易体系。
国际货币基金组织前首席经济学家莫里斯·奥布斯特费尔德强调,美国贸易逆差并非源于贸易伙伴的不公平行为,“用关税解决逆差如同挤压注满气的气球”。
美国指责“欧盟成立就是为了占美国便宜”。丹麦经济学家耶斯佩尔·朗维德提出,美国仅关注货物贸易却忽视服务贸易和资本收益。如用美国对欧元区的服务贸易顺差和资本收益等折抵其货物贸易逆差,整个欧元区与美国的双边经常账户其实接近平衡。
墨西哥和加拿大对美商品出口分别占其2023年国内生产总值的27%和21%,美加征关税将给两国带来巨大经济成本。欧盟这一比例仅为2.9%,加征关税影响不会那么大。“但这仍然是一种不公平的、甚至是无知的经济战行为。欧盟将不得不进行报复,跨大西洋关系将受到永久损害。”
美国在对盟友发动经济政治双重打击,必将引起反噬伤及自身,最终“付出惨痛代价”。(完)
图说:3月4日,在加拿大安大略省的奥克维尔,一家LCBO门店的店员从货架上撤下美国品牌酒产品。新华社发(邹峥摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.