Connect with us

မြန်မာ-中文

ကနေဒါနိုင်ငံထုတ် သွင်းကုန်တစ်စိတ်တစ်ပိုင်းအပေါ် တရုတ်နိုင်ငံက မတ်လ ၂၀ ရက်မှစတင်၍ စည်းကြပ်ခွန် တိုးမြှင့်မည်

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ စူပါမားကတ်တစ်ခုတွင် ကနေဒါကုန်ပစ္စည်းများဘေး၌ “ကနေဒါတွင် ထုတ်လုပ်သည်” ဟူသော တံဆိပ်ကပ်ထားသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်အရ ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်မှစတင်၍ ကနေဒါနိုင်ငံထုတ် သွင်းကုန်တစ်စိတ်တစ်ပိုင်းအပေါ် စည်းကြပ်ခွန် တိုးမြှင့်မည်ဟု နိုင်ငံတော်ကောင်စီရှိ အကောက်ခွန်ရေးရာကော်မရှင်က မတ် ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ တရုတ် လျှပ်စစ်ကားများအပေါ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှစ၍ တရုတ် သံ၊ သံမဏိနှင့် အလူမီနီယံထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်းနှုန်း တိုးမြှင့်မည်ဖြစ်ကြောင်း ကနေဒါအစိုးရက ကြေညာခဲ့သည်။ ကနေဒါ၏ တစ်ဖက်သတ် စည်းကြပ်ခွန် တိုးမြှင့်ခြင်း လုပ်ရပ်သည် ဓမ္မဓိဋ္ဌာန်ကျသည့် ဖြစ်ရပ်မှန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုခြင်းဖြစ်သလို စံတင်လောက်သည့် ကုန်သွယ်ရေး တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ဖြစ်သည်။ ဤလုပ်ရပ်များသည် တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံမှု အစီအမံများ ဖြစ်စေရာ တရုတ်နိုင်ငံ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အပြင်းအထန် ထိခိုက်စေပြီး တရုတ်- ကနေဒါ ကုန်သွယ်စီးပွား ဆက်ဆံရေးကိုလည်း ပျက်စီးစေသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ စည်းကြပ်ခွန်ဥပဒေ”၊ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်ဥပဒေ”၊ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဥပဒေ” စသည့် တရားဥပဒေနှင့် စည်းမျဉ်းများ၊ နိုင်ငံတကာ ဥပဒေ အခြေခံမူများအရ နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်မှစတင်၍ ကနေဒါနိုင်ငံထုတ် မုန့်ညင်းဆီ၊ oilcakes ၊ ပဲစေ့ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းတိုးမြှင့်ပြီး ကနေဒါနိုင်ငံထုတ် ရေထွက်ပစ္စည်း၊ ဝက်သား ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီရှိ အကောက်ခွန်ရေးရာကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကနေဒါကို နှစ်ဖက် စီးပွားရေး၊ ကုန်သွယ်ရေး ပူပေါင်းဆောင်ရွက်မှုကို ဆင်ခြင်တုံတရားဖြင့် ရှုမြင်ရန်၊ ဓမ္မဓိဋ္ဌာန်ကျသည့် ဖြစ်ရပ်မှန်ကို လေးစားရန်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်၊ မှားယွင်းသောလုပ်ရပ်ကို ချက်ချင်းပြင်ဆင်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းသည်။ (Xinhua)
…………………………….
(Chinese Version)
中国自3月20日起对原产于加拿大的部分进口商品加征关税
新华社北京3月8日电 国务院关税税则委员会8日发布公告称,经国务院批准,自2025年3月20日起,对原产于加拿大的部分进口商品加征关税。
加拿大政府宣布,自2024年10月1日起,对中国电动汽车加征100%关税;自2024年10月22日起,对中国钢铁和铝产品加征25%关税。加方单边加征关税的做法罔顾客观事实和世界贸易组织规则,是典型的贸易保护主义做法,构成对中方的歧视性措施,严重侵害中方的合法权益,破坏中加经贸关系。
根据《中华人民共和国关税法》《中华人民共和国海关法》《中华人民共和国对外贸易法》等法律法规和国际法基本原则,经国务院批准,国务院关税税则委员会发布公告,自2025年3月20日起,对原产于加拿大的菜子油、油渣饼、豌豆加征100%关税;对原产于加拿大的水产品、猪肉加征25%关税。
中方敦促加方理性看待双边经贸合作,尊重客观事实,遵守世界贸易组织规则,立即纠正错误做法。(完)
图说:2月25日,在加拿大温哥华一家超市内,加拿大商品的旁边贴着印有“加拿大制造”的标签。新华社发(梁森摄)