Connect with us

China

အမေရိကန်အပေါ် စည်းကြပ်ခွန် ၈၄ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမှုအား မည်သို့ဖော်ဆောင်မည်ကို တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ကြေညာချက်ထုတ်ပြန်

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁ မိနစ်မှစ၍ အမေရိကန်နိုင်ငံထုတ် သွင်းကုန်ပစ္စည်းအားလုံးအပေါ် လက်ရှိ ကျင့်သုံးနေသော စည်းကြပ်ခွန် အခွန်နှုန်းကိုအခြေခံပြီး စည်းကြပ်ခွန် ၈၄ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁ မိနစ် မတိုင်မီ ကုန်စည်များကို ပို့ဆောင်ရေးနေရာမှ စတင်ပို့ဆောင်ခဲ့ပြီးဖြစ်ကာ ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁ မိနစ်မှ ၂၀၂၅ ခုနှစ် မေ ၁၃ ရက် ည ၁၂ နာရီ အချိန်အတွင်း တင်သွင်းသော ကုန်စည်များ (ယင်းတို့ကို အောက်ပါတွင် “သယ်ယူပို့ဆောင်ဆဲကုန်စည်” ဟု ရည်ညွှန်းခေါ်ဆိုမည်) အပေါ် ယခုအကြိမ် ထပ်တိုးလိုက်သော စည်းကြပ်ခွန် ကောက်ခံမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီရှိ အကောက်ခွန်ရေးရာကော်မရှင်၏ သက်ဆိုင်ရာ ကြေညာချက်များအရ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) က ဧပြီ ၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁ မိနစ်မှစ၍ တင်သွင်းရန် လျှောက်ထားသော အမေရိကန်နိုင်ငံထုတ် ကုန်စည်အားလုံးအပေါ် လက်ရှိ လုပ်ဆောင်နေသော အခွန်ကောက်ခံမှုစနစ်နှင့် ကျင့်သုံးနေသော စည်းကြပ်ခွန် အခွန်နှုန်း (လက်ရှိကျင့်သုံးနေသော အထူးခံစားခွင့်ရှိ နိုင်ငံများအတွက် အခွန်နှုန်း သို့မဟုတ် ယာယီသတ်မှတ်ထားသော အခွန်နှုန်းနှင့် ဖော်ဆောင်ပြီးဖြစ်သော တိုးမြှင့်စည်းကြပ်ခွန် အခွန်နှုန်းတို့၏ ပေါင်းခြင်းရလဒ်) ကိုအခြေခံပြီး ယခုအကြိမ် ထပ်တိုးသော စည်းကြပ်ခွန် ကောက်ခံမည်ဖြစ်ကြောင်း GACC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“သယ်ယူပို့ဆောင်ဆဲကုန်စည်” များအတွက် သွင်းကုန် လုပ်ငန်းကုမ္ပဏီများက ယခုအကြိမ် ထပ်တိုးသော စည်းကြပ်ခွန် မပေးဆောင်ရန် လျှောက်ထားနိုင်သည်။ သွင်းကုန် လုပ်ငန်းကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံထုတ် သွင်းကုန်များ၏ ပို့ဆောင်ရေးအခြေအနေကို ကိုယ်တိုင် စိစစ်ပြီး အဆိုပါကုန်စည်များ သယ်ဆောင်ထားသော ပို့ဆောင်ရေးယာဉ်သည် ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁ မိနစ်မတိုင်မီ ပို့ဆောင်ရေးနေရာမှ စတင်ပို့ဆောင်ပြီးကြောင်း အတည်ပြုကာ သက်ဆိုင်ရာ ကုန်စည်များသည် ၂၀၂၅ ခုနှစ် မတ် ၁၃ ရက် ည ၁၂ နာရီ မတိုင်မီ တင်သွင်းရန် လျှောက်ထားရမည်ဖြစ်သည်။ ယခုအကြိမ် ထပ်တိုးသော စည်းကြပ်ခွန် မပေးဆောင်ရန် လျှောက်ထားသည့် “သယ်ယူပို့ဆောင်ဆဲကုန်စည်” များသည် ယင်းကုန်စည်များသယ်ဆောင်လာသည့် ပို့ဆောင်ရေးယာဉ် ပြည်ဝင်ခွင့် လျှောက်ထားပြီးမှ တင်သွင်းခွင့် လျှောက်ထားရမည်ဖြစ်သည်။
အကောက်ခွန်ဌာနက သီးခြားစောင့်ကြည့်သောနယ်မြေများ၊ အခွန်ကင်းလွတ်သောစီမံခန့်ခွဲမှုနေရာများ စသည့် သီးခြားနေရာများတွင် ပြည်တွင်းရောင်းချရန်နှင့် အဆိုပါနေရာများပြင်ပတွင် ထုတ်လုပ်ကုန်သွယ်၍ ပြည်တွင်း၌ရောင်းချရန် စသည့် ကုန်သွယ်ရေးပုံစံဖြင့် တင်သွင်းသော ကုန်စည်များအား ယခုအကြိမ် ထပ်တိုးကောက်ခံသော စည်းကြပ်ခွန် မပေးဆောင်ရန် လျှောက်ထားလိုပါက ၂၀၂၅ ခုနှစ် မေ ၁၃ ရက် ည ၁၂ နာရီမတိုင်မီ ပြည်တွင်းရောင်းချမှုသွင်းကုန်အဖြစ် လျှောက်ထားရမည်ဖြစ်သည်။ (Xinhua)

……………………………………
(Chinese Version)
对美加征84%关税如何执行 海关总署发布公告
新华社北京4月9日电 海关总署9日发布公告称,根据国务院关税税则委员会相关公告,自2025年4月10日12时01分起,对原产于美国的所有进口商品,在现行适用关税税率基础上加征84%关税;2025年4月10日12时01分之前,货物已从启运地启运,并于2025年4月10日12时01分至2025年5月13日24时进口的(以下称“在途货物”),不加征本次加征的关税。
海关总署公告显示,对2025年4月10日12时01分起申报进口原产于美国的所有货物,在现行征税方式、适用关税税率(现行适用的最惠国税率或暂定税率与已实施的加征关税税率之和)基础上加征本次加征的关税。
对“在途货物”,进口企业可申请不加征本次加征的关税。进口企业应自行核实原产于美国进口货物的运输情况,确认装载有关货物的运输工具已于2025年4月10日12时01分之前从启运地启运,且相关货物于2025年5月13日24时前申报进口。申请不加征本次加征关税的“在途货物”,应在装载该货物的运输工具申报进境后申报进口;对自海关特殊监管区域、保税监管场所等出区内销和区外加工贸易内销等贸易方式下进口货物,申请不加征本次加征关税的,应在2025年5月13日24时前申报内销进口。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.