Connect with us

North America

ထရမ့်က ပူတင်အပေါ် “လွန်စွာ စိတ်ဆိုးကြောင်း” ဆို၍ ရုရှားအပေါ် “ဒုတိယအဆင့် စည်းကြပ်ခွန်” ကောက်ခံမည်ဟု ခြိမ်းခြောက်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ရဟတ်ယာဉ်ဖြင့် ပြန်လာသော အမေရိကန်နိုင်ငံ သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က မတ် ၃၀ ရက်တွင် အမေရိကန်မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းအနေဖြင့် ရုရှားနိုင်ငံသမ္မတ ပူတင်အပေါ် “လွန်စွာ စိတ်ဆိုး” ကြောင်း၊ ရုရှားကြောင့် ရုရှားနှင့် ယူကရိန်းတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိပါက အမေရိကန်သည် ရုရှားမှ ရေနံဝယ်ယူသူများအပေါ် “ဒုတိယအဆင့် စည်းကြပ်ခွန်” ကောက်ခံသွားနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့တွင် အမေရိကန် NBC သတင်းဌာန၏ တယ်လီဖုန်းဖြင့် မေးမြန်းမှုအား ဖြေကြားရာ၌ လတ်တလောကာလအတွင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး၏ ယုံကြည်ရမှုအပေါ် ပြစ်တင်မှု စသည့် ပူတင်၏ ပြောဆိုချက်များအပေါ် ၎င်းအနေဖြင့် “လွန်စွာ စိတ်ဆိုး” ၍ “ဒေါသထွက်” ကြောင်း ဖြေကြားခဲ့သည်။
ထရမ့်က ၎င်းနှင့် ရုရှားအနေဖြင့် ယူကရိန်းတွင် သွေးထွက်သံယိုဖြစ်စေသော ပဋိပက္ခဖြစ်မှုအား ရပ်တန့်ခြင်းနှင့် စပ်လျဉ်း၍ သဘောတူညီချက် မရရှိပါက ယင်းမှာ ရုရှား၏ တာဝန်ဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်က အနာဂတ်တွင် ရုရှားမှလာသော ရေနံအားလုံးအပေါ် “ဒုတိယအဆင့် စည်းကြပ်ခွန်” များ ကောက်ခံသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
“ဆိုလိုတာက ခင်ဗျား ရုရှားကနေ ရေနံဝယ်မယ်ဆိုရင် ခင်ဗျားအမေရိကန်မှာ စီးပွားရေး လုပ်လို့မရတော့ဘူး … ရေနံအားလုံးကို ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်မယ်၊ ရေနံအားလုံးကို ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်မယ်” ဟု ထရမ့်ကဆိုသည်။
ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိပါက အဆိုပါ စည်းကြပ်ခွန်အစီအမံသည် တစ်လအတွင်း အသက်ဝင်မည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအလွန်စိတ်ဆိုးနေသည်ကို ပူတင်သိရှိကြောင်း၊ သို့သော် ၎င်းနှင့် ပူတင်သည် “ဆက်ဆံရေး အလွန်ကောင်းမွန်” ကြောင်း၊ ၎င်းတို့နှစ်ဦးက လာမည့်သီတင်းပတ်အတွင်း ထပ်မံချိတ်ဆက်မှု လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ယူကရိန်း၌ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ကုလသမဂ္ဂ၏ကြီးမှူးမှုဖြင့် အမေရိကန်၊ ဥရောပနှင့် ရုရှားတို့၏ မဟာမိတ်တို့သည် ယူကရိန်း၌ ယာယီစီမံအုပ်ချုပ်ရေးဖော်ဆောင်သည့် ဖြစ်နိုင်ခြေအား အတူဆွေးနွေးနိုင်ကြောင်း ပူတင်က မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ရဟတ်ယာဉ်ဖြင့် ပြန်လာသော အမေရိကန်နိုင်ငံ သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
特朗普称对普京“非常生气” 威胁对俄石油征收“二级关税”
新华社洛杉矶3月30日电(记者谭晶晶)美国总统特朗普30日在接受美国媒体采访时表示,他对俄罗斯总统普京“非常生气”,如果因俄罗斯的原因导致俄乌不能达成停火协议,美国可能对俄罗斯石油买家征收“二级关税”。
特朗普当天在接受美国全国广播公司电话采访时说,他对于普京最近批评乌克兰总统泽连斯基的可信度等言论“非常生气”和“恼火”。如果他与俄方无法就停止在乌克兰的流血冲突达成协议,并且他认定是俄罗斯的责任,那美国将对所有来自俄罗斯的石油征收“二级关税”。“这意味着如果你从俄罗斯购买石油,你就不能在美国做生意了……所有石油将被征收25%的关税,所有石油将被征收25%到50%的关税。”
特朗普说,如果俄乌停火协议没有达成,这一关税措施将在一个月内生效。
特朗普还表示,普京知道他很生气,但他与普京“关系很好”,两人计划下周再次进行沟通。
普京27日表示,可以在联合国主持下,与美国、欧洲以及俄罗斯的盟友共同讨论在乌克兰实行临时管理的可能性,以便在乌克兰举行民主选举。(完)
图说:3月30日,美国总统特朗普乘直升机返回首都华盛顿白宫。 新华社记者 胡友松 摄