Connect with us

Asia

တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်က ကွာလာလမ်ပူဘုံသဘောတူညီချက် ထုတ်ပြန်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ် ကျင်းပရာနေရာကို ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဧပြီ ၁၁ ရက်က ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်ကျင်းပစဉ်ကာလအတွင်း တရုတ်-အာဆီယံ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ် ကွာလာလမ်ပူဘုံသဘောတူညီချက် ရရှိပြီး တရုတ်နှင့် အာဆီယံ မီဒီယာ၊ တတ်သိပညာရှင်များအနေဖြင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးနှင့် ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို အတူတကွ မြှင့်တင်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် တတ်သိပညာရှင်များ ပူးပေါင်းဆောင်ရွက်ရေး စံနမူနာကို ပြသရန် တိုက်တွန်းခဲ့သည်။
တရုတ်နှင့် အာဆီယံတို့သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး၊ ဘုံသာယာဝပြောမှု မြှင့်တင်ရေး၊ ဒေသတွင်း တည်ငြိမ်မှု ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်း အနေအထားကို အဆင့်မြှင့်တင်ရေးစသည်တို့တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဘုံသဘောတူညီချက်တွင် ထောက်ပြခဲ့သည်။ တရုတ်နှင့် အာဆီယံ မီဒီယာ၊ တတ်သိပညာရှင်များအနေဖြင့် ပေါင်းကူးတံတားချိတ်ဆက်မှုပေးခြင်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ အပြည့်အဝ လုပ်ဆောင်ပြီး တရုတ်- အာဆီယံဇာတ်လမ်းကို အတူ ကောင်းမွန်စွာ ပြောပြ၍ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို ပြသကာ လက်ရှိ ကမ္ဘာကြီးသည် ရာစုနှစ်အပြောင်းအလဲများအကြားတွင် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရာတွင် အားဖြည့်ကူညီသင့်ကြောင်း ထောက်ပြခဲ့သည်။
လူမှုယဉ်ကျေးမှု ဖလှယ်ရေးနှင့် ယဉ်ကျေးသော ဆွေးနွေးမှုတို့သည် တရုတ်-အာဆီယံဆက်ဆံရေးအား အားဖြည့်ပေးသည့် အရေးပါသော မဏ္ဍိုင်ကြီးဖြစ်လာပြီး တရုတ်နှင့် အာဆီယံ မီဒီယာ၊ တတ်သိပညာရှင်များအနေဖြင့် ယဉ်ကျေးမှုကွဲပြားမှုကို လေးစားရန် အဆိုပြုသင့်ပြီး၊ ယဉ်ကျေးမှုကွဲပြားမှုအနေဖြင့် အစိုးရ၊ ကုမ္ပဏီလုပ်ငန်း၊ မီဒီယာနှင့် တတ်သိပညာရှင်များ စသည့် အမျိုးစုံလင်သော အဓိက ဉာဏ်ပညာအင်အားများကို စုစည်းရန် တိုက်တွန်းကြောင်း ဘုံသဘောတူညီချက်တွင် ဖော်ပြထားသည်။ ဒေသတွင်း သာယာဝပြောရေးနှင့် တည်ငြိမ်ရေးသည် တရုတ်-အာဆီယံ နိုင်ငံအသီးသီး၏ ဘုံဆန္ဒဖြစ်ပြီး တရုတ်နှင့် အာဆီယံ မီဒီယာ၊ တတ်သိပညာရှင်များသည် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အယူအဆကို လက်ကိုင်ထားကာ ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိန်းသိမ်းရာတွင် မီဒီယာ၊ တတ်သိပညာရှင်များအနေဖြင့် တစ်မူထူးခြားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်သင့်ကြောင်း ဖော်ပြထားသည်။
ဉာဏ်ရည်တုနည်းပညာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံအသီးသီးအတွက် ပြုပြင်ပြောင်းလဲမှု အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးသည့်တစ်ပြိုင်နက်တည်း ခန့်မှန်းရခက်သော အန္တရာယ်နှင့် စိန်ခေါ်မှုများကိုလည်း ယူဆောင်ပေးသည်ဟု ဘုံသဘောတူချက်က ယူဆသည်။ မီဒီယာနှင့် တတ်သိပညာရှင်များအနေဖြင့် နည်းပညာတော်လှန်ရေး အရှိန်အဟုန်ကို တက်ကြွစွာ ပွေ့ဖက်၍ ဉာဏ်ရည်တုနည်းပညာ၏ အကျိုးကျေးဇူးများကို ကောင်းစွာအသုံးပြုကာ ၎င်း၏ဉာဏ်ပညာကို ကျွမ်းကျင်စွာ အသုံးပြုပြီး တီထွင်ဆန်းသစ်မှု စွမ်းအားနှင့် လုံခြုံရေး အခြေခံမျဉ်းတို့ဖြင့် ပြည့်စုံသော ဉာဏ်ရည်တု အနာဂတ် တည်ဆောက်ရေးကို တွန်းပေးသင့်ကြောင်း ယူဆကြသည်။
အဆိုပါဖိုရမ်ကို ဆင်ဟွာသတင်းအေဂျင်စီနှင့် မလေးရှား အမျိုးသားသတင်းအေဂျင်စီ (Bernama) တို့မှ ပူးတွဲ ကြီးမှူးကျင်းပကာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ မီဒီယာ၊ တတ်သိပညာရှင်၊ အစိုးရဌာနနှင့် ကုမ္ပဏီလုပ်ငန်းပေါင်း ၁၆၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၂၆၀ ခန့် တက်ရောက်ခဲ့ကြသည်။ (Xinhua)
………………………….
(Chinese Version)
中国-东盟媒体智库高端论坛发布吉隆坡共识
新华社吉隆坡4月11日电(记者曹嘉玥 李萌)中国-东盟媒体智库高端论坛11日在马来西亚吉隆坡举行。论坛期间达成中国-东盟媒体智库高端论坛吉隆坡共识,呼吁中国和东盟媒体智库共同促进人文交流与民心相通,树立全球南方媒体智库合作典范。
共识指出,中国和东盟在推动区域合作、促进共同繁荣、维护地区稳定、提升全球南方地位等方面扮演着关键角色。中国和东盟媒体智库应当充分发挥桥梁纽带作用,共同讲好中国-东盟故事,展现中国-东盟合作成果,在当今世界百年变局中助力推动地区和世界和平稳定、繁荣发展。
共识说,人文交流和文明对话已成为加强中国-东盟关系的重要支柱,中国和东盟媒体智库应当倡导尊重文明多样性,呼吁不同文明汇聚政府、企业、媒体、智库等多元主体智慧力量。促进地区繁荣稳定是中国-东盟各国的共同愿望,中国和东盟媒体智库应当秉持构建人类命运共同体理念,为维护地区持久和平与发展繁荣发挥媒体智库独特作用。
共识认为,人工智能快速发展为各国提供新的变革发展机遇,同时也带来难以预料的风险挑战。媒体和智库应当积极拥抱技术革命浪潮,善用人工智能之利,巧用人工智能之智,推动构建兼具创新活力和安全底线的智能未来。
论坛由新华通讯社联合马来西亚国家新闻社共同主办,来自中国和东盟国家的160余家媒体、智库、政府部门和企业的约260名代表参会。(完)
图说:这是4月11日在马来西亚吉隆坡拍摄的中国-东盟媒体智库高端论坛现场。新华社记者 程一恒 摄