Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် အဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသော အဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေး ကူညီကယ်ဆယ်ရေးပစ္စည်းများ ဒေသစံတော်ချိန် ဧပြီ ၂၂ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် အဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် ဧပြီ ၂၂ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ အဋ္ဌမအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် အရိုးဆက်ပြား ၂၄,၆၀၀ ခု၊ အရိုးဆက်စကူ ၁၃၂,၀၀၀ ခု၊ အရိုးအတွင်းပိုင်း ချိတ်ဆက်သံ ၄,၅၂၆ ခု၊ ကိရိယာစက်ပစ္စည်းအိတ် ၃၀ စုံ၊ ဆိုဒီယမ်ပင်နီဆီလင် (sodium penicillin) ထိုးဆေးပုလင်း ၁ သန်း၊ မက်ထရိုနီဒါဇိုး (metronidazole) ဆေးပြား ၄၀၀,၀၀၀၊ စီဖရာဒင်း (cefradine) ဆေးတောင့် ၉၀,၀၀၀ ဘူး၊ ဆေးဘက်ဆိုင်ရာ ပိုးသတ်ဆေးပြား ၃၀၀ ဘူးနှင့် ဆေးဘက်ဆိုင်ရာ အိုင်အိုဒင်း ဝါဂွမ်းတံ ၂,၀၀၀ ပုံး ပါရှိကြောင်း သိရသည်။ (Xinhua)


…………………
(Chinese Version)
中国政府援缅第八批紧急人道主义地震救灾物资抵达缅甸
新华社仰光4月22日电(记者黎广滔)中国政府向缅甸提供的第八批紧急人道主义地震救灾援助物资22日抵达缅甸仰光国际机场。
据了解,第八批物资包括接骨板2.46万件、接骨螺钉13.2万件、髓内钉4526件、工具器械包30套、注射用青霉素钠100万瓶、甲硝唑片40万瓶、头孢拉定胶囊9万盒、医用消毒片300盒、医用碘伏棉签2000桶。(完)