China
“ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ်များ လေ့လာဖတ်ရှုခြင်း” ရုပ်သံအစီအစဉ် ဆွေးနွေးပွဲ ပေကျင်း၌ ကျင်းပ

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
China Media Group (CMG) နှင့် တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်တို့ ပူးတွဲထုတ်လွှင့်သည့် “ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ်များ လေ့လာဖတ်ရှုခြင်း” ရုပ်သံအစီအစဉ် ဆွေးနွေးပွဲကို ဧပြီ ၂၂ ရက်တွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပပြီးသည့်အချိန်မှစ၍ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သမိုင်းအတွေ့အကြုံများကို သိပ္ပံနည်းကျ ခြုံငုံသုံးသပ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနိယာမကို နက်ရှိုင်းစွာ သိရှိနားလည်ကာ တရုတ်ပုံစံခေတ်မီအသွင်ပြောင်းခြင်းအား မည်ကဲ့သို့ ဖော်ဆောင်ရမည်နည်းနှင့်စပ်လျဉ်း၍ အယူအဆအသစ်၊ အတွေးအမြင်အသစ်၊ ဆုံးဖြတ်ချက်အသစ်များ ဆန်းသစ်တီထွင်စွာ အဆိုပြုခဲ့သည်။ ထို့ပြင် စီးပွားဖွံ့ဖြိုးတိုးတက်မှုအား မည်ကဲ့သို့ ဘက်စုံတွန်းအားပေး ဖော်ဆောင်ရမည်နည်း ဟူသည့် ကြီးလေးသောမေးခွန်းများကို ဖြေကြားခဲ့ကာ စနစ်စေ့စပ်၍ နက်နဲကျယ်ပြန့်သော ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ် ဖြစ်တည်လာခဲ့သည်။
အစီအစဉ်တွင် ပါဝင်သူများက “ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ်များ လေ့လာဖတ်ရှုခြင်း” သည် ပထမဆုံး ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ်အား စနစ်တကျ ရှင်းလင်းတင်ဆက်သည့် ရုပ်သံအထူးအစီအစဉ် ဖြစ်သည်ဟု ဆိုကြသည်။ အစီအစဉ်တွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ ဖွံ့ဖြိုးတိုးတက်မှု အယူအဆသစ်များ ကျင့်သုံးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းအသစ် တည်ဆောက်ခြင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးဖော်ဆောင်ခြင်း၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖော်ဆောင်ခြင်း စသည့် အရေးပါသော အယူအဆများကို အလေးပေး တင်ဆက်ထားသည်။
ထို့ပြင် ၎င်းအနက်ပါဝင်သည့် ခိုင်မြဲသော အယူအဆယုံကြည်ချက်၊ ရှင်းလင်းထင်ရှားသော နိုင်ငံရေးဦးတည်ချက်၊ ရေရှည်နက်ရှိုင်းသော မဟာဗျူဟာမြောက် အတွေးအခေါ်၊ ပြင်းပြသော သမိုင်းတာဝန်သိမှု၊ ပြည်သူများအပေါ် စေတနာမှန်သည့် မေတ္တာတရားနှင့် သိပ္ပံနည်းကျတွေးခေါ်မှုနည်းလမ်းတို့ကို ထဲထဲဝင်ဝင် လေ့လာ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ် ဦးဆောင်မှုဖြင့် ခေတ်သစ် တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ရရှိခဲ့သော သမိုင်းဝင်အောင်မြင်မှုများ၊ ဖြစ်ပွားခဲ့သော သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများကို စနစ်တကျရှင်းလင်းကာ ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ်၏ ခေတ်ကာလထူးခြားချက်လက္ခဏာ၊ အယူအဆတန်ဖိုးနှင့် လက်တွေ့ဖော်ဆောင်မှု၏ ကြီးမြတ်သည့်အင်အားတို့အား ဘက်စုံဖော်ပြထားရာ လူမှုအသိုက်အဝန်းတစ်ခုလုံးက ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ်အား သိရှိနားလည်အောင် လေ့လာသင်ယူရန်အတွက် သက်ဝင်လှုပ်ရှားသော သင်ရိုးညွှန်းတမ်းအဖြစ် အထောက်အပံ့ပေးသည်။
“ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ်များ လေ့လာဖတ်ရှုခြင်း” ရုပ်သံအစီအစဉ်ကို မကြာသေးမီက CMG ၏ ဘဏ္ဍာရေးရုပ်သံလိုင်းဖြစ်သည့် CCTV-2 ချန်နယ်၌ ပထမဆုံးအကြိမ်အဖြစ် ထုတ်လွှင့်ခဲ့ပြီး CCTV News၊ China Media Group Mobile၊ CCTV.com စသည့် မီဒီယာပလက်ဖောင်းများတွင်လည်း တစ်ပြေးညီ ထုတ်လွှင့်ခဲ့ရာ ပရိသတ်များ၏ လှိုက်လှိုက်လှဲလှဲ အားပေးမှုများရရှိခဲ့သည်။ အဆိုပါအစီအစဉ်ကို ဧပြီ ၁၆ ရက်တွင် CCTV-1 ချန်နယ်၌လည်းကောင်း၊ ဧပြီ ၁၇ ရက်တွင် CCTV-10 ချန်နယ်၌လည်းကောင်း ထပ်မံထုတ်လွှင့်ခဲ့ပြီးဖြစ်သည်။ “ရှီကျင့်ဖိန် စီးပွားရေးအတွေးအခေါ်များ လေ့လာဖတ်ရှုခြင်း” ရုပ်သံအထူးအစီအစဉ်၏ ပြောဆိုချက်စာသားများကိုလည်း စုစည်း၍ ပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
《习近平经济思想系列讲读》节目研讨会在京举行
新华社北京4月22日电 4月22日,中央广播电视总台与国家发展和改革委员会联合出品的《习近平经济思想系列讲读》节目研讨会在京举行。
党的十八大以来,习近平总书记科学总结我国经济发展历史经验,深刻把握经济发展规律,围绕怎样实现中国式现代化,创造性地提出了一系列新理念、新观点、新论断,回答了如何全面推进经济发展的重大问题,形成了体系严整、博大精深的习近平经济思想。与会嘉宾表示,《习近平经济思想系列讲读》是首部系统阐释习近平经济思想的电视专题片。节目聚焦习近平总书记关于贯彻新发展理念、构建新发展格局、推动高质量发展、发展新质生产力等重要论述,深入解读蕴含其中的坚定理想信念、鲜明政治导向、深远战略思维、强烈历史担当、真挚人民情怀和科学思想方法,系统梳理习近平经济思想引领新时代中国经济发展取得的历史性成就、发生的历史性变革,全面展现习近平经济思想的时代特征、理论价值和实践伟力,为全社会学习领会习近平经济思想提供了生动教材。
《习近平经济思想系列讲读》近期在总台央视财经频道首播,在央视新闻、央视频、央视网等新媒体平台同步上线,引发热烈反响。节目已于4月16日和4月17日起分别在总台央视综合频道和科教频道重播。《习近平经济思想系列讲读》电视专题片文本也将结集出版。(完)